He is my man - 18
အုပ်စိုး ထိုင်နေရင်းပင်တောင့်တောင့်ကြီးဖြစ်နေသည်။ဘာကြောင့်လဲဆိုရင် အုပ်စိုးခါးကိုဖက်ထားပြီး ဆက်တိုက်ကြီး တရှုံ့ရှုံ့နဲ့ငိုနေသူကြောင့်ပေါ့။
"ခင်ဗျားလုပ်ကြံတဲ့ အထဲမှာကျွန်တော်မပါပါဘူး ကျွန်တော်သိလည်းမသိဘူး ဒါပေမဲ့ ခင်ဗျားကိုကာကွယ်ဖို့အတွက် ကျွန်တော် အတတ်နိုင်ဆုံးကြိုးစားခဲ့တာတော့အမှန်ပဲ... ခင်ဗျားက ဘာလို့မယုံရတာလဲ ကျွန်တော်က ခင်ဗျားကိုဘယ်လိုနာကျင်အောင်လုပ်ရက်မှာမလို့လည်း"
"ဘာတွေလာပြောနေတာလဲကွာ လွှတ်စမ်းပါဘုန်းရှိန်ရာ..."
"ယုံပေး ခင်ဗျားကိုနာကျင်အောင်လုပ်ဖို့ မတွေးဖူးတာမဟုတ်ပေမဲ့... မလုပ်ခဲ့တာတော့အမှန် "
"သိပြီ သိပြီ မလို့ဖယ်ပေးလို့ မင်းအခုဖိထားတာ ငါ့ဒဏ်ရာကို ထိနေပြီလို့"
အုပ်စိုးကိုဖက်ထားရာမှ ဖယ်ခွာပြီး တရှုံ့ရှုံ့လုပ်နေသည်ကိုတွေ့ရသည်။ နှုတ်ခမ်းကိုမဲ့ကျနေပြီး မျက်ရည်တွေကသီလို့ပင်။ထိုအခါ အုပ်စိုးရဲ့လက်တွေက အလိုအလျောက် ဘုန်းရှိန်မျက်ရည်တွေကိုသုတ်ပေးလိုက်သည်။ချင်ချင်းဆိုသလို ဘုန်းရှိန်က အုပ်စိုးရဲ့ ပုခုံးကိုဆွဲချပြီးစတင်နမ်းရှိုက်ပါတော့သည်။မြန်ဆန်လွန်းသာ့်အဖြစ်အပျက်ကြောင့် အုပ်စိုးတောင် အတော်လေးကြောင်တောင်တောင်နိုင်သွားရသည်။ ဘုန်းရှိန်ဟာ လွမ်းမောစွာနမ်းရှိုက်နေရင်း မျက်ရည်စီးကြောင်းကြောင့် အနမ်းတွေဟာ ငံကျိကျိပင်ဖြစ်လို့လာ၏။
"ပြွတ် အွင်း..."
ဘုန်းရှိန်ရဲ့လက်ဖဝါး ခပ်ကြီးကြီးဟာ အုပ်စိုးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ပွတ်သပ်နေဆဲပင်။
"အွင်း....ဟင်း..."
နူးညံ့ညှင်သာသည့်အနမ်းတွေအောက် အုပ်စိုးကိုယ်တိုင်လည်းနစ်ဝင်လျက်ရှိသည်။ ချစ်ခြင်း မုန်းခြင်းဆိုတဲ့ ပါးလွှာတဲ့နံရံလေးဟာပျောက်ဆုံးပြီး မုန်းခြင်းဆိုတဲ့ တရားကို ချစ်ခြင်းတရားဟာအန်ိုင်ယူလိုက်သလိုမျိုး၊ သူတို့ကြားက မုန်းတီးခြင်းဆိုတဲ့ အရာလေးဟာ သေးငယ်ပြီးကွယ်ပျောက်လို့ပင်။
YOU ARE READING
He is my man(Complete)
FantasiaSky💙 * Warning * "ဒီထက်ပိုပြီး မချစ်မိအောင် ကြိုးစားတော့မှာမလို့ ဒီတစ်ရက်က နောက်ဆုံးပဲ..."