16

2.5K 94 2
                                    

He is my man - 16

အုပ်စိုးနှင့် ဘုန်းရှိန်အကြားအဆက်အသွယ်ပြတ်ခြင်းက နှစ်လဝန်းကျင်ထိကြန့်ကြာလာသည်။အမြဲတမ်း အုပ်စိုးကို စိတ်ရှုပ်အောင်လုပ်ပြီး သူ့အနားမှာနေဖို့အတွက်အမြဲ  ဂျီတိုက်နေသည့်  ဘုန်းရှိန်ကမဆက်သွယ်လာသည့်အခါမှာတော့ အုပ်စိုးအနေနဲ့ စတင်ပြီး တမ်းတလာပါတော့သည်။ ခပ်ချောချော မျက်နှာနဲ့ ငယ်ငယ်ကလို လှပပြီး သေးသွယ်တဲ့ယောက်ျားမျိုး မဟုတ်တော့ပေမဲ့ အသက်အရွယ်အရ ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်အချိုးအစား မျက်နှာ အချိုးအစားဟာလည်း တင့်တယ်နေဆဲဖြစ်သည်။

အပြောအဆိုတွေဟာ တစ်ခါတစ်လေ ခက်ထန်တဲ့ဘက်မှာရှိနေပေမဲ့လည်း အုပ်စိုးအတွက်တော့အပြစ်ဟုမဆိုင်နိုင်ပါ။ သူ့မှာလည်း သူ့ဒဏ်ရာနှင့်သူမို့...

ငယ်ရွယ်တဲ့ကောင်လေးတစ်ယောက်ဆီက အချစ်ဆိုတဲ့စကားကိုကြားရတဲ့အချိန် သူစဥ်းစားခဲ့တာ ဒီကလေးကငယ်သေးလို့ပါဟု။သို့ပေမဲ့နောက်ငါးနှစ်အကြာမှ မချစ်မိအောင်ကြိုးစားမယ်ဆိုတဲ့စကားကိုကြားလိုက်ရတဲ့အချိန် ရင်ထဲ ဆူးနစ်သွားသည်။အုပ်စိုးဟာကိုယ့်ကိုယ်ကိုယ် ကိုယ့်နှလုံးသားကိုလှည့်စားပြီးနေခဲ့ပေမဲ့ တကယ်တမ်းမှာတော့ကောင်လေးအပေါ်.... ဘယ်အချိန်ကမှန်းမသိ နစ်ဝင်နေခဲ့ပါတယ်။ဒါတွေကိုလည်း ငါးနှစ်ကျော်ကာလမှ ခံစားမိခဲ့တာတဲ့လား....

ကောင်လေးဟာ စီးပွာရေးလောကတွင် နာမည်ကြီးကျော်ကြားသည့်အပြင် ကောင်မလေးတွေကြားမှာလည်း အတော်လေး ရေပန်းစားသည်။ချမ်းသာပြီး ငယ်ရွယ်တဲ့ ယောက်ျားတစ်ယောက်ကို သဘောမကျဘူးဆိုကာမှ ထူးဆန်းနေမှာပေါ့လေ

                           ※※※※

စည်းကားသိုက်မြိုက်စွာကျင်းပလျက်ရှိသော ပါတီအခမ်းအနားတစ်ခု၊ အုပ်စိုးနှင့် ကိုယ်ရံတော်နှစ်ယောက်စလုံးလည်း ဒီပွဲကိုတက်ကြသည်။ ပွဲရဲ ရည်ရွယ်ချက်ကတော့ စီးပွားရေးလောက က မိတ်ဆွေတွေတွေ့ဆုံဖို့ လုပ်ငန်းကိုအကျယ်ချဲ့ဖို့အပြင် ၊ ရာထူးအကြီးပိုင်းက လူတွေနဲ့တွေ့ဆုံကြဖို့ဖြစ်သည်။ ဒီလိုပွဲမျိုးကို အုပ်စိုးတက်မှ ရမည်မို့သာ တက်ရတာဖြစ်ပြီး ဒီလို အပေါ်ပိုင်းက လူလိမ်လူကောက်တွေနဲ့ ဆက်ဆံပြောဆိုဖို့ကို တကယ်မလုပ်ချင်ခဲ့ပေ။

He is my man(Complete)Where stories live. Discover now