3

4.9K 138 4
                                    

He is my man - 3

ဘုန်းရှိန်က အုပ်စိုးရောက်နေသည့်တစ်လျှောက်လုံး ကြမ်းပြင်ပေါ်မှာ အိပ်ပေးပြီး အုပ်စိုးကတော့ ကုတင်ပေါ်မှာ အိပ်၏။ကြာလာတော့ အုပ်စိုး အာနာစိတ်များလာသည်။ အားနာပေမဲ့လည်း သူကအောက်ဆင်းအိပ်ပေးဖို့ကျတော့မဖြစ်နိုင်ဘူး။ ကြမ်းပြင်ပေါ်မှာ အိပ်ဖို့ကတော့ အုပ်စိုးလည်းမကြိုက်ဘူးလေ။နေ့လည်ကမေးခွန်းကြောင့် အုပ်စိုးစိတ်ထဲတစ်မျိုးဖြစ်နေ၏။အရင်က ဘာကြောင့်မမေးတာလဲဟု အုပ်စိုးကိုယ်တိုင် မေးဖူးပေမဲ့ တကယ်တမ်းကျတော့ ပြောဖို့ကျပြန်တော့လည်းလွယ်ကူသည့် ကိစ္စဟုတ်မနေခဲ့ဘူး။

"ကောင်လေး..."

စာလုပ်နေဆဲဖြစ်သည့် ထိုကောင်လေးကိုလှမ်းခေါ်လိုက်တော့ချက်ချင်းထူးလာ၏။ စာလုပ်ရင် တပ်နေကျမျက်မှန်လေးနှင့်အတူ အုပ်စိုးဆီသို့လှည့်ကြည့်လာ၏။

"ကိုယ်က လူဆိုးတစ်ယောက်ဖြစ်နေမှာကိုကြောက်လို့လား..."

"ဗျား... ဟား...ဟား... မနောက်ပါနဲ့..."

"ကိုယ်က ဓားဒဏ်ရာနဲ့မင်းဆီရောက်လာတာမလား အဲ့တော့ ကိုယ့်ရဲ့ဘဝအမှန်က လူဆိုးဖြစ်နေနိုင်တယ်...ဟုတ်တယ်မလား.."

"ခင်ဗျား မှာ ဓားဒဏ်ရာအပြင် ထိုးကြိတ်ခံထားရတဲ့ ဒဏ်ရာတွေလည်းရှိတယ် နောက်ပြီးဖုန်းတစ်လုံးကလွဲပြီး ဘာမှ ပါမလာခဲ့ဘူးလေ အဲ့တာကြည့်ချင်းအားဖြင့် လုယက်ခံရတာမျိုးလည်းရှိမှာပေါ့..."

"သြော် အဲ့လိုလည်းဖြစ်နိုင်တာပေါ့..."

အုပ်စိုး ပက်လက်လှန်ရင်း မျက်နှာကြပ်ကိုပဲကြည့်နေလိုက်သည်။ ကောင်လေးမေးခဲ့တာ သူ့ကိုသံသယဝင်တာမျိုးရှိလာတာတော့ မဖြစ်နိုင်ဘူး။ ဒီတက္ကသိုလ်ကျောင်းသားလေးက ဘာများသိနိုင်မှာလဲ....

ဒီလောက်ခက်ခဲပင်ပန်းနေတာတောင် ဘယ်သူမှန်းမသိတဲ့လူတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်ကျွေးထားတဲ့စိတ်ကိုတော့လေးစားလို့မဆုံး။ အပူအပင်ကင်းကင်းနဲ့နေတတ်ပြီး စာကြိုးစားတဲ့ကလေးမို့သဘောကျမိသည်။ပြုံးရယ်တတ်ပြီး ငြိမ်ပြီး ရိုးအေးသည်။တည်ကြည်တဲ့ပုံစံပေါက်သလို သဘောလည်းကောင်းတဲ့သူမလို့....

He is my man(Complete)Where stories live. Discover now