11

2.3K 90 1
                                    

He is my man - 11

ဘုန်းရှိန်ရဲ့စကားကြောင့် အုပ်စိုးမျက်နှာ သိသိသာသာပျက်ယွင်းသွားသည်။သို့ပေမဲ့ အနီးတဝိုက်မှာ လူပေါင်းစုံရှိနေဆဲမို့ ဟန်ကိုဖို့ပြီး လက်ဆွဲနှုတ်ဆက်ခြင်းကို အဆုံးသတ်လိုက်သည်။ထို့နောက် နေရာတကျပြန်ထိုင်ပြီး လေလံပွဲအတွက် ထိုင်စောင့်နေတုန်းမှာပဲ အုပ်စိုးရဲ့ ပေါင်ကို လာထိနေတဲ့ ခြေထောက်ကြောင့် ပထမဆုံးအနေနဲ့ ရှောင်ဖယ်လိုက်သည်။သို့ပေမဲ့ အုပ်စိုးရဲ့ ဖိနပ်ထိပ်ကို သူ့ဖိနပ်ဖြင့် လာလာတိုက်ပြီး ကလေးလိုပြုမူနေသည်ကြောင့် ဘုန်းရှိန်ကိုစိုက်ကြည့်လိုက်သည့်အချိန် .... ဘုန်းရှိန်ရဲ့ မျက်ဝန်းတောက်တောက်လေးများက အုပ်စိုးကို ချိုအီစွာဖြင့် ကြည့်နေခဲ့လျှင်

"Boss ဘာဖြစ်လို့လဲဗျ..."

"ဘာမှမဖြစ်ဘူး ... လေလံပွဲက ဘယ်တော့စမှာလဲ..."

"ခဏနေရင် စတော့မှာပါ Boss.."

"ငါဆေးလိပ်ခဏသွားသောက်လိုက်ဦးမယ် "

"ဟုတ်..."

အုပ်စိုးထထွက်လာပြီးနောက် ဆေးလိပ်သောက်မည့်နေရာသို့ထွက်လာသည်။ ထိုင်ခုံမှာဝင်ထိုင်ပြီးနောက် စိတ်ပြေလက်ပျောက်သောက်နေတုန်း အုပ်စိုးဆီတိုက်ရိုက် ရောက်လာပြန်သည့် ဘုန်းရှိန်ကိုတွေ့လိုက်ရပြန်သည်။ ဘုန်းရှိန် နဲ့ သူ့အကြားမှာ အငြိုးအတေးတွေပဲရှိနေမှာဖြစ်ပြီး သူတို့နှစ်ယောက်ဟာ ရန်သူတွေပဲမို့...

ဘေးနားမှာ ခြေချိတ်ကာထိုင် ရင်း အမှီသို့ အနည်းငယ်မှီချ၏။ထို့နောက် ဘောင်းဘီအိတ်ကပ်ထဲက တန်ဖိုးကြီးဆေးလိပ်တစ်လိပ်ကိုထုတ်ကာ နှုတ်ခမ်းလွာလေး၌ တေ့လျှက်

"အာ မီးခြစ်မပါဘူးဘဲ... မီးတစ်တို့လောက်ပေးနိုင်မလား ဦးအုပ်စိုးရှင် ခင်ဗျ..."

အုပ်စိုးလည်း မီးခြစ်ထုတ်ပေးဖို့လုပ်နေတုန်း သူကချက်ချင်းကြီး အုပ်စိုးဘက်ကိုခါးကိုင်းကျလာပြီး မျက်သူ့ဆေးလိပ်ကိုလောင်ကျွမ။ ထို့နောက် အုပ်စိုးရဲ့ဆေးလိပ်ရှိ မီးစကို စွဲညို့စေပြီး သူ့ဆေးလိပ်ကိုလောင်ကျွမ်းစေ၏။မီးတို့ပြီးသည်အခါ လန့်ထိပ်သွားသာ့် အုပ်စိုးကိုခနဲ့ကာပြုံးနေသေးသည်။ ဘုန်းရှိန်လုပ်နေတဲ့ အမူအရာတွေဟာ သိပ်ကလေးဆန်ပါသည်။အုပ်စိုးက ဒီလို ကလေးဆန်တဲ့အရာတွေအပေါ်မှာ ဘာကြောင့်စိတ်ယိမ်းယိုင်နေမိလဲဆိုတာကိုတောင်မသိတော့ဘူး။ထို့ကြောင့် ချက်ချင်းဆေးလိပ်ကိုပစ်ကာ ထွက်လာခဲ့သည်။

He is my man(Complete)Where stories live. Discover now