4

3.2K 116 0
                                    

He is my man - 4

"ဟား... ဟား...ဟား... ဘုန်းရှိန်ရယ် အမလေး ဝမ်းကွဲအစ်ကိုကိုတောင်လာပြီး အူတိုနေတယ် ဟား...ဟား... ဒီရုပ်နဲ့ဒီအဆင်ဟယ် ကလေးအဖေဖြစ်စရာလား မိန်းမရထားတဲ့ပုံမျိုးလည်းမပေါက်ပါဘူး အစ်ကိုကြီး မိန်းမမရှိဘူးမလား.."

"..."

အုပ်စိုး ထိုမိန်းကလေးရယ်သံကြောင့်  ဂိုဏ်းသားတွေကိုတောင် သတိရမိသွားပြီ။ဒီကောင်တွေလည်း အရက်လေးဝင်ပြီးရင် ဟာသတွေပြောကြ ရယ်ကြနဲ့ ကောင်ကင်တစ်ခွင် ဖိန့်ဖိန့်တုန်တဲ့အထိ ရယ်တတ်ကြ၏။ရုတ်တရက် ထို ကောင်တွေကိုလွမ်းမိ၏။အုပ်စိုးဘာမှပြန်မပြောရသေးခင်

"နင်ဘာဖြစ်နေတာလဲ နော်ထားထား..."

"နင်ကလည်း ...  ဒါနဲ့ အိမ်မှာ ယောက်ျားလေးနှစ်ယောက်ပဲဆိုတော့ ထမင်းစားရတာဘာညာ အခက်ခဲရှိမှာပေါ့နော် ငါလာပို့ပေးမယ်သိလားနေ့လည်ကျရင်..."

"မလိုဘူး ငါဟင်းချက်တတ်တယ်"

"ငါလာပို့ပေးမယ် ငါတို့ကဆိုင်ဖွင့်ထားတာလေ အစ်ကိုကြီး ညီမတို့ဆိုင်ကလေ အမဲသားနှပ်ကအရမ်းကောင်းတာ ညီမနေ့လည်ကျလာပို့ပေးမယ်သိလား..."

"..."

"အစ်ကိုကြီးနော်လို့..."

"ကျေး.. ဇူး..."

"အား... လေယူလေသိမ်းကအရမ်းသဘောကျဖို့ကောင်းတာပဲ အစ်ကိုကကပြားလားဟင်... "

"အင်း... စပိန်စပ်..."

"အမလေး အမလေး လုံးဝ ညီမအိပ်မက်ထဲကဖူးစာရှင်လိုပါပဲ ဟီးဟီး... အစ်ကို့ဖုန်းနံပါတ်ပေးပါလားဟင်.."

"နော်ထားထား နင်ဘာဖြစ်နေတာလဲ ..."

"နေစမ်းပါ..."

ဘုန်းရှိန်လက်ကို ဖက်ကနည်းရိုက်ပစ်ပြီး အုပ်စိုးနားသို့ခုံပါတိုးရွေ့သွားတော့သည်။ဘုန်းရှိန်လည်းနှစ်ယောက်သားကိုကြည့်ပြီး တော်တော်စိတ်တိုနေမိသည်။လူတွေလည်းထပ်ရောက်လာတာကြောင့် ချက်ချင်းပိုက်ဆံရှင်းကာ

"အစ်ကို ... ခင်ဗျား ထတော့လေ နေ့လည်စာချက်ရဦးမဲ့ဟာကို..."

"သြော်...သြော် ... အင်း... "

He is my man(Complete)Where stories live. Discover now