21

2.5K 91 1
                                    

He is my man - 21

အိပ်ပျော်နေသေးသည့်ကောင်လေးကို ထားပြီး သူကတော့ချိနဲ့စွာနဲ့ရေချိုးခန်းကိုဝင်သွားရင်း ဆေးကြောသန့်စင်လျက် ။မနေ့ကတုန်းက ဒီကောင်လေးသူ့ကို ရေချိုးခန်းထဲမှာပါလုပ်ခဲ့တာကို ဘုန်းရှိန်မှတ်မိနေသည်။တကယ်ပါပဲ ဒီကောင်လေး အဲ့လောက်ထိတောင်လား ဆိုပြီး သက်ပြင်းချရင်း ။

တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေသည်ကြောင့် လမ်းလျှောက်တာတောင်ထိန်းပြီးလျှောက်နေရတာပင်။ အုပ်စိုးထွက်လာတော့ ဘုန်းရှိန်က နိုးနေပြီး အုပ်စိုးကိုတွေ့သည်နှင့်ပြေးဖက်လေသည်။

"အစ်ကို ဘယ်တွေသွားနေတာလဲလို့ စိုးရိမ်သွားတာပဲ"

"သွား ရေချိုးလိုက်ဦး မနက်စာဆင်းစားရအောင်"

ဘုန်းရှိန် ရေချိုးတာကိုစောင့်နေရင်း သူကလည်း အဝတ်အစားတွေလဲလိုက်သည်။ဘုန်းရှိန်ကို ငှားပေးမဲ့အဝတ်အစားတွေထုတ်ပြီးစောင့်နေပြီးနောက် ဘုန်းရှိန်ထွက်လာပြီး အဝတ်အစားလဲပြီးသည့်အခါ နှစ်ယောက်သားအတူ မနက်စာစားဝိုင်းဆီသို့ဆင်းလာခဲ့တော့သည်။

အုပ်စိုးဆင်းလာတာမြင်တော့ Diego နဲ့ မိုက်ကယ် အပြင် အာလူးကပါရှိနေပြီး မနက်စာစားဝိုင်းအတွက်ကြိုးကြိုးစားစားပြင်ဆင်လို့

"Boss နေမကောင်းဘူးလားဟင်..."

"အမ်... နည်းနည်း ရေချိုးတာကြာသွားလို့ထင်တယ်"

အုပ်စိုးက ခေါင်းကိုငုံ့ထားပြီး နည်းနည်းပင်ပန်းနေသာ်ပုံစံနှင့်ပြောလာသည်။

"ဒါဆို အဒေါ်ကြီး Boss အတွက် ဆန်ပြုတ်လေးလုပ်ပေးပါဦး"

"ခဏစောင့်ပါ ဆရာ"

ဘုန်းရှိန်က အုပ်စိုးရဲ့ ဘေးခုံမှာဝင်ထိုင်၏။မနက်စာစားဖို့ အတူစောင့်နေကြရင်း ဆန်ပြုတ်ရလာမှာ မနက်စာအတူတူစားကြသည်။ မနက်စာ စားပြီးတော့  အုပ်စိုးတို့ဆရာတပည့်တွေက အိမ်ရှေ့ ဧည့်ခန်းမှာထိုင်ရင်း စကားပြောနေစဥ် ဘုန်းရှိန်က အပေါ်ခဏတက်သွား၏။ အုပ်စိုးအတွက်ဆေးယူလာပြီး အုပ်စိုးရှေ့သို့ရေခွက်ချကာ Diego ကတဆက်တည်း နဖူးကိုစမ်းတဲ့အချိန် ဘုန်းရှိန်က Diego လက်ကို ဆွဲဖယ်လေ၏။

He is my man(Complete)Where stories live. Discover now