Chapter 1

805 57 4
                                    

အခန်း ၁ အသက်ကိုးထောင် ရှည်စေချင်သော်လည်း...

ပြတင်းပေါက်၏အပြင်ဘက်တွင် နှင်းပွင့်များ အဆက်မပြတ် ကျဆင်းနေပြီး ထူထဲသော ပိုးပဝါအလွှာကဲသို့ရှိနေကာ နူးညံနေပုံပေါ်သော်လည်း အေးခဲနေမည်မှန်း သိသာနေသည်။ စုန့်လီက သူ့လက်ထဲတွင် ‌ရွှေနှင့် ကျောက်စိမ်းစပ်ကာ ပြုလုပ်ထားသည့် လက်နွေးမီးဖိုလေးကို ကိုင်ဆောင်ထားသော်လည်း လွန်ကဲသော အအေးဒဏ်က သူ့ကို နှာချေမိစေသေးသည်။

တကယ်တော့ သူ အကြောက်ဆုံးက အအေးဒဏ်ပါ၊ ဒီလိုနှင်းကျမယ်ဆိုကိုသာ သူ ကြိုသိခဲ့ရင် သူ ဆော့ကစားပျော်ပါးဖို့ နန်းတော်ထဲကနေ ထွက်လာမှာ မဟုတ်ပါဘူး။ သူ အပေါ်ဘက်သို့ မော့ကြည့်လိုက်ချိန်တွင် မှင်နက်ထူထူဖြင့် ရေးကာ ခပ်မြင့်မြင့်နေရာတွင် ချိတ်ဆွဲထားသည့် ပြန့်ပြူးနေသော ဆန်စက္ကူအဖြူတစ်ရွက်ကို မြင်လိုက်ရသည်။

  ——အပြင်ဘက်တွင် ရွှေနှင့် ကျောက်စိမ်း၏အသွင်သဏ္ဍန် ရှိနေသော်လည်း အတွင်း၌ ဆွေးမြေ့ခြင်းနှင့် ပိုးမွှားများ ရှိနေသည်။

(T/N: ဒါက စကားပုံပါ၊ အပြင်ဘက်သွင်ပြင်က လှပကောင်းမွန်ပေမယ့် အတွင်းဘက်မှာ ပုတ်သိုးဆွေးမြေ့နေတဲ့အရာတွေ၊ ရုပ်ရည်လှပေမယ့် အတွင်းစိတ်ပုတ်တဲ့သူတွေကို ပြောချင်တဲ့အခါ သုံးလေးရှိပါတယ်၊ တရုတ်မှာက သစ်သီးတွေနဲ့ ဥပမာပေးတာဆိုတော့ ပိုးမွှားတွေပါ ထည့်ပြောကြတာပါ၊ မြန်မာလိုဆိုရင် အပေါ်ယံရွှေမှုန်ကျဲ၊ အတွင်းက နောက်ချေးခံ ဆိုတဲ့ စကားပုံနဲ့ အတူတူပါပဲ။

ထိုအရေးအသားက အလွန်အမင်း ကြီးကျယ်ခမ်းနားပြီး ဂုဏ်ယူစရာ ဖြစ်နေသော်လည်း ထေ့ငေါ့သော အရိပ်အမြွက်အချို့ကို ယောင်ဝါးဝါး မြင်နေရသည်။

ထိုလက်ရေးလှစာသားကို မြို့တော်၏အရည်အချင်းအရှိဆုံးပုဂ္ဂိုလ် လျိုယိက ရေးဆွဲထားပြီး ဝမ်ယွဲ့အဆောက်အအုံမြင့်သို့ လာရောက်လည်ပတ်ကြသည့် ဧည့်သည်များ မြင်နိုင်ရန် ချိတ်ဆွဲထားသည်မှာ ရက်အနည်းငယ် ရှိနေပြီ ဖြစ်ကာ လမ်းမကြီးများနှင့် လမ်းသွယ်များတစ်လျှောက် သွားလာနေကြသော သူများအပါအဝင် မရေမတွက်နိုင်သည့်လူများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သူ သိခဲ့ရသည်။ မြို့တော်မှ စာသင်သားအမြောက်အများကလည်း လေးစားအတုယူရန်နှင့် ပျော်စရာအဖြစ် ကြည့်ရှုရန် လာရောက်လည်ပတ်ကြသည်။ ဘယ်သူ့ဘယ်ဝါရယ်လို့ နာမည်မတပ်ထားပေမယ့် ဘယ်သူက ဘယ်သူ့ကို ဝေဖန်ချင်နေတယ်ဆိုတာကို လူတိုင်း သိနိုင်ကြသည်။

ကျောက်စိမ်းသွင်ပြင်...ရွှေအဆင်းWhere stories live. Discover now