အခန်း ၂၉ အကြံအစည်ကြီးမားသူ
ယဲ့ချုံကျင်းက ချက်ခြင်း ထခုန်လုမတတ် ထိတ်လန့်သွားပြီး လုံးဝ နိုးကြွားသွားခဲ့သည်။ သူက အိပ်ရာနိုးစ ဝိုးတဝါးဖြစ်နေပြီး သူ့ဦးခေါင်းထဲမှာ အရင်ဘဝ အသက်ရှင်နေသေးတဲ့ အချိန်လို့ ထင်မိတာကြောင့် ထိုလူ၏အမည်ကို တိုက်ရိုက် ခေါ်လိုက်မိခြင်းပင်။
သူတို့၏ မျက်လုံးများ ဆုံမိသွားကြပြီး ထိုလူ၏အနက်ရောင်မျက်လုံးများက သူ့၏အရင်ဘဝကဲ့သို့ပင် နက်နဲပြီး တောက်ပနေသည်။ သူ၏စွမ်းအားကို တွေ့ကြုံခံစားဖူးသူများသာ ထိုငြိမ်သက်သော မျက်လုံးများအောက်တွင် လူသတ်ရန် ရည်ရွယ်ချက် မည်မျှ ဖုံးကွယ်ထားသည်ကို သိနိုင်မည်ဖြစ်သည်။ဤအခိုက်အတန့်တွင် ယဲ့ချုံကျင်းက သူ၏ယခင်ဘဝမှ ကုချမ်နှင့် သူ့ရှေ့မှ ရှစ်နှစ်အရွယ်ကလေးငယ်များအကြား ခြားနားချက်ကို မပြောနိုင်တော့ပေ။ သူ့အဖေက ကုချမ်ကို အရမ်းကြောက်တာ အံ့သြစရာ မဟုတ်တော့ပါဘူး။ သားရဲတစ်ကောင်က ဘယ်လောက်ပဲ သေးငယ်နေပါစေ၊ သူ့ရဲ့ တိရစ္ဆာန်ဗီဇအရတော့ သူတို့ရဲ့အကောင်းဆုံးစွမ်းရည်အရ လူတွေကို သတ်ဖြတ်နိုင်တဲ့ စွမ်းရည်ကတော့ရှိနေဆဲပါပဲ။
ကုချမ်က သူ့အနားကို တိုးလာပြီး မေးလိုက်သည်။ "အားကျင်း၊ ခုန ဒီမင်းသားကို ဘယ်လို ခေါ်လိုက်တာလဲ?"ယဲ့ချုံကျင်း၏မျက်လုံးများတွင် ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်လာပြီး သူက ကြောင်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေကာ ကန့်လန့်ကာကို သူ့လက်ညိုးလေးဖြင့် ဆွဲကုတ်နေရင်း တိုးတိုးလေး ပြောလိုက်သည်။
"အားကျင်း... မမှတ်မိဘူး"
ကလေးလေးက အရမ်းထိတ်လန့်နေပုံရပြီး ကြောက်ရွံ့နေသော ကြောင်ကလေးကဲ့သို့ ချစ်စဖွယ်ကောင်းနေသောကြောင့် ကုချမ်၏စိတ်နှလုံးက ချက်ချင်းဆိုသလို ပျော့ပျောင်းသွားပြီး သူက ကလေးလေး၏မျက်နှာကို ညင်ညင်သာသာ ပွတ်သပ်ကာ တိုးတိုးလေး ချော့မော့လိုက်သည်။ "အမှန်တိုင်းပြော.... ဒီမင်းသားရဲ့နာမည်ကို အားကျင်းကို ဘယ်သူပြောတာလဲ?"
ထိုစကားက အပေါ်ယံတွင် အန္တရာယ်မရှိဟု ထင်နေရသော်လည်း အမှန်တကယ်တွင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်သည့် ရည်ရွယ်ချက်များကို ဖုံးကွယ်ထားခဲ့သည်။ အကယ်၍ ယဲ့မိသားစု၏အကြီးအကဲတစ်ဦးက ပြောသည်ဟု သူ ဖြေလိုက်ပါက ယဲ့မိသားစုက တော်ဝင်မိသားစု၏နောက်ကွယ်တွင် အိမ်ရှေ့စံမင်းသားကို မရိုမသေ ပြောဆိုခြင်းအတွက် စွပ်စွဲခံရပြီး ရာဇဝတ်ဘေးသင့်နိုင်သည်။ အိမ်ရှေ့စံမင်းသား၏နာမည်နှင့် သူ့အကြောင်းများက ပေါ့ပေါ့ပါးပါး ပြောလို့ရသည့်အရာ အရာများ မဟုတ်ပေ။ သို့သော်လည်း သူက ငယ်ငယ်လေးကတည်းက အနောက်ဘက်ခြံဝင်းထဲတွင်သာ ကြီးပြင်းလာခဲ့ပြီး အပြင်လူများနှင့် ထိတွေ့ဆက်ဆံဖို့ အခွင့်မသာခဲ့သည့်အတွက် အကြောင်းပြချက်ပေးရန် တခြားသူများကို ဆွဲထုတ်ရန်လည်း မဖြစ်နိုင်ပေ။
သူက လူဆိုးလေးကဲ့သို့ ရိုးရိုးရှင်းရှင်း ပြုမူကာ "အားကျင်းက အရှင့်သား အိမ်ရှေ့စံရဲ့ နာမည်ကို မသိပါဘူး။ အားကျင်းဘာသာ အိပ်မက်ထဲကနေ ပေါက်ကရ ပြောနေတာကို အရှင့်သားက နားလည်မှုလွဲသွားတာ ဖြစ်နိုင်ပါတယ်"
YOU ARE READING
ကျောက်စိမ်းသွင်ပြင်...ရွှေအဆင်း
Historical FictionThis is Myanmar Translation. English Name: Gold and Jade on the Outside [Rebirth] Chapter 130 Chapters + 2 Extra (Complete)