Chapter 18

354 48 1
                                    

အခန်း ၁၈ ဧကရာဇ်မင်း၏နှလုံးသား

ပွဲတော်အခမ်းအနား၏တစ်ဝက်လောက်တွင် မယ်တော်မိဖုရားကြီးက ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ သူမက အသက်အရွယ်ရနေပြီဖြစ်ကာ နှစ်အတော်အတန်ကြာအောင် နေခဲ့ပြီးပြီဖြစ်သောကြောင့် သက်ဝင်လှုပ်ရှားမှုအတွက် စိတ်လှုပ်ရှားပျော်ရွှင်တက်သည့်အချိန်ကို ကျော်လာပြီ ဖြစ်သည်။ အရပ်ဘက်နှင့် စစ်ဘက်ရေးရာဝန်ကြီးများ၏အမြင်တွင် မယ်တော်နှင့်သားတော်ကြားမှ နက်နဲသောချစ်ခြင်းမေတ္တာကို ပြသရန်သာ ထိုနေရာတွင် ရှိနေခြင်း ဖြစ်သည်။

ဧကရာဇ်မင်းမြတ်က သူမကို နန်းတော်သို့ သူကိုယ်တိုင်ပြန်ပို့ရန် ဆန္ဒရှိသော်လည်း မိဖုရားမယ်တော်ကြီးက "ပိုင်ရှင်မရှိတဲ့ ပွဲလမ်းသဘင်က ဘယ်လို ဖြစ်နိုင်မှာလဲ? အိုက်ကျားဘာသာ နန်းတော်ကို ပြန်လို့ရတယ်"

ဧကရီမူက သဘောတူလိုက်ပြီး မယ်တော်ကြီးကို ကူညီပေးရန် ထရပ်လိုက်သည်။ အမှန်တကယ်တွင် တော်ဝင်မိသားစု၌ ယောက္ခမတော်နှင့် ချွေးမတော်ကြားမှ ဆက်ဆံရေးက သာမန်သာ ဖြစ်သည်။ ထိုအချိန်က မယ်တော်မိဖုရားကြီးက မူမိသားစုမှ သိက္ခာရှိပြီး အကျင့်သီလမွန်မြတ်သော သမီးလေး ချစ်မြတ်နိုးခဲ့ပြီး သူမကိုယ်တိုင် သူမ၏သားတော်နှင့် အောင်သွယ်လုပ်ပေးခဲ့သည်။ သူမက ထိုမိန်းကလေးကို ဇနီးကောင်းတစ်ယောက် ဖြစ်လာစေရန် မျှော်လင့်ထားသော်လည်း သူမက ယောက်ျားတစ်ယောက် ကျေနပ်စေရန် မည်သို့ထိန်းသိမ်းရမည်ကို မသိသည့်အတွက် ဧကရာဇ်မင်းနှင့် သူမက ဝေးကွာသွားခဲ့သည်။

ပထမတော့ ကြင်ယာတော်လီ(လီဖေး) ရှိခဲ့ပြီး နောက်တော့ တော်ဝင်ကြင်ယာတော်လန်(လန်ကွေ့ဖေး) ရှိလာခဲ့တယ်၊ ဧကရာဇ်ရဲ့ အချစ်တော်က တစ်ယောက်ပြီး တစ်ယောက် ပြောင်းလဲလာခဲ့ပေမယ့် မူရှန်းယာရဲ့ရာထူးကတော့ နည်းနည်းလေးတောင် မပြောင်းလဲခဲ့ဘူး။

မယ်တော်မိဖုရားကြီးကလည်း ယောက်ျားတစ်ယောက်၏နှလုံးသားကို မိန်းမတစ်ယောက်က မဆုံးဖြတ်နိုင်ကြောင်း နားလည်နေခဲ့သည်။ ထိုလူက စစ်မှန်သော နဂါးဖြစ်သည့် ဧကရာဇ်ဖြစ်မဟုတ်ဘဲ သာမန်လူဆိုလျှင်တောင် မထိန်းချုပ်နိုင်ကြောင်းကို သိနေသော်လည်း မယ်တော်မိဖုရားကြီးက သူ့ကို ဒေါသထွက်နေမိသေးသည်။ ကံကောင်းထောက်မစွာဖြင့် ဧကရီမူက တရားဝင် သားတော်တစ်ပါးကို စောစောစီးစီး မွေးဖွားလာနိုင်ခဲ့သည်။ ထိုသို့မဟုတ်လျှင် ယောက္ခမနှင့် ချွေးမနှစ်ယောက်သားကြားမှ သဟဇာတဖြစ်မှုကို ယုံကြည်မူရှိရှိ မထိန်းသိမ်းနိုင်မှာကိုတောင် မယ်တော်မိဖုရားကြီးက စိုးရိမ်နေခဲ့သေးသည်။

ကျောက်စိမ်းသွင်ပြင်...ရွှေအဆင်းWhere stories live. Discover now