Chapter 15

353 55 2
                                    

အခန်း ၁၅ နန်းတော်ဧည့်ခံပွဲ (၂)

ဆောင်းဦးပွဲတော်အချိန်အခါသမတွင် လမင်းက ကောင်းကင်ယံတွင် တောက်ပစွာ ထွန်းလင်းနေပြီး နီညိုရောင်ဆေးခြယ်ထားသော စင်္ကြံကို လင်းထိန်နေစေသည်။ ထိုနေရာတွင် နှင်းဆီသစ်သား၏ မွှေးရနံ့ကို မသိမသာ အနံ့ခံနိုင်သည်။ ပန်းရောင်ဝတ်စုံများကို ဝတ်ဆင်ထားသော နန်းတွင်းအစေခံများက မီးပုံးများကို ကိုင်ဆောင်ကာ ခပ်သွက်သွက် သွားလာနေကြသော်လည်း ဘယ်ကို သွားနေကြမှန်းတော့ မသိနိုင်ပေ။

ယဲ့ချုံကျင်းက သူ၏အတိတ်ဘ၀ကို ရုတ်တရတ် ပြန်သတိရမိသွားသည်။ သူက မှောင်မိုက်သောညများတွင် နန်းတော်၏စင်္ကြန်မှ မီးပုံးများကို ပေါ့ပေါ့ပါးပါး ရေတွက်ရင်း လှည့်လည် သွားလာရသည်ကို နှစ်သက်သည်။ တခါတရံတွင် ကိုယ်လုပ်တော်တစ်ဦးဦးနှင့်ပင် တွေ့ဆုံရလေ့ရှိသည်။ ထိုလူ၏ မောင်းမဆောင်တွင် မိန်းမများစွာရှိနေပြီး ထိုအမျိုးသမီးများက မည်မျှပင် မျက်နှာသာမရစေကာမူ သူမတို့အားလုံးတွင် အဆင့်အတန်း ကိုယ်စီရှိကြသည်။

ဆန့်ကျင်ဘက်အနေဖြင့် သူထံတွင် အဆင့်အတန်းမှ လွဲ၍ အရာအားလုံး ရှိနေပြန်သည်။

ဒါပေမယ့် အဲ့လိုမှားယွင်းတဲ့ အဆင့်အတန်းနဲ့ ဘွဲ့ထူးရာထူးတွေက ဘာများ အသုံးဝင်နေလို့လဲ? အဲ့ယောက်ျားရဲ့ အမေနဲ့ အဖွားကလွဲရင် ဒီမောင်းမဆောင်မှာ သူ့ရှေ့မှာ ဒူးထောက်မရတဲ့ အမျိုးသမီး ရှိခဲ့လို့လား? သူ့ကို မနာလို မဖြစ် မငြူစူတဲ့ အမျိုးသမီးရော ရှိခဲ့လို့လား? သူကို မကဲ့ရဲ့ မဆူပူ မကျိန်ဆဲတဲ့ အမျိုးသမီးရော ရှိခဲ့လို့လား?

ယဲ့ချုံကျင်းက သူ့ခါးမှ အိတ်လေးကို ဖိကိုင်လိုက်ပြီး သခင်မအန်းကိုယ်တိုင် ပန်းထိုးပေးထားသော "ကျင်း" ဟူသော စကားလုံးကို ခပ်ဖွဖွ ပွတ်သပ်နေမိသည်။ နောက်ဆုံးတော့ အဲ့တာက ကံဆိုးမှုတွေကို ယူဆောင်လာမှာလား? ကောင်းချီးတွေကို သယ်ဆောင်လာမှာလားဆိုတာကို ဘယ်သူက ကြိုသိနိုင်မှာတဲ့လဲ?

ကင်းလှည့်အစောင့်တစ်တန်းက သူတို့နားမှ ဖြစ်သွားပြီး သူတို့က မည်သူဖြစ်ကြောင်း မသိကြသော်လည်း သူတို့ကို ယဉ်ကျေးစွာ နှုတ်ဆက်အရိုအသေပေးသွားကြသည်။ ယနေ့ညတွင် နန်းတော်၌ မှူးမတ်ပေါင်းများစွာနှင့် သူတို့၏မိသားစုဝင်များ ရှိနေသောကြောင့် နန်းတော်မှ အဆင့်နိမ့်တပ်သားများ အနေဖြင့် မည်သူ့ကိုမျှ စော်ကားရန် မတတ်နိုင်ပေ။

ကျောက်စိမ်းသွင်ပြင်...ရွှေအဆင်းWhere stories live. Discover now