Chapter 27

278 48 1
                                    

အခန်း ၂၇ ညအိပ်ညနေ

နှင်းများ ကျနေပြီး ကောင်းကင်က အလွန်မှောင်နေသောကြောင့် ကုချမ်က ခြံထဲမှ လူငယ်အစေခံလေးများကို ရှောင်နိုင်ခဲ့ပြီး ကလေးလေးကို အလွယ်တကူ ခေါ်ထုတ်သွားနိုင်ခဲ့သည်။ သူတို့ ဖူနဥ်ခြံဝင်းမှ ထွက်လာချိန်တွင် မထင်မှတ်ပဲ အဝေးမှ လျှောက်လာနေသော အထိန်းတော်အန်းနှင့် သူမ၏နောက်လိုက်များကို တွေ့လိုက်ရသည်။ ရှဟယ်၏လက်ထဲတွင် အဝါရောင် နှင်းဆီသစ်သား အစားအသောက်သေတ္တာကို ကိုင်ဆောင်ထားပြီး ကလေးလေးအတွက် ဆေးရည်နှင့် ညစာပို့ဆောင်ပေးရန် ရောက်လာခြင်း ဖြစ်နိုင်သည်။

တကယ်တော့ သူ အပြင်ကိုထွက်ပြီး အကြောင်းပြချက်ကို ရှင်းပြလိုက်ရင်လည်း ဘာမှတော့ မဖြစ်ပါဘူး၊ ဒါပေမယ့် သူခိုးယူထားတဲ့ ရတနာလေးတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းတာကြောင့် ကုချမ်က ခဏလောက်နဲ့ လက်မလွှတ်ပေးချင်သေးဘူး။
သူက နောက်သို့ ပြန်လှည့်လိုက်ပြီး ကျောက်တုံးကြီး၏နောက်သို့ အမြန် ဝင်ပုန်းလိုက်ပြီး ညက ပိုမိုမှောင်မိုက်လာပြီး သူက အနက်ရောင်၀တ်ထားသည့်အပြင် အထိန်းတော်အန်းနှင့် တခြားမိန်းကလေးများကလည်း ခေါင်းငုံ့ကာ လျောက်လှမ်းနေကြသသောကြောင့် ဤနေရာမှ လှုပ်ရှားမှုကို သတိမပြုမိကြပေ။

ထိုအချိန်တွင် သူက သူ့လက်ထဲမှ သေးငယ်သောအရာ၏ လှုပ်ရှားမှုကို အာရုံခံလိုက်မိပြီး သူ၏မြေခွေးသားမွေးအင်္ကျီကို ဖွင့်ကြည့်လိုက်ရာ ကလေးလေးက သူ့၏ခေါင်းသေးသေးလေးကို မော့ထားပြီး သူ့ကို မှုန်ကုပ်ကုပ် ကြည့်နေသည်ကို မြင်လိုက်ရသည်။ ကလေးလေးက လေးနက်သော အမူအရာဖြင့် ပြောလာသေးသည်။ "ငါ့မိဘတွေ ရှာတွေ့သွားရင်... မင်းကို သေချာပေါက် သက်ညှာပေးမှာ မဟုတ်ဘူး"

ကုချမ်က သူ့နှုတ်ခမ်းကို ပင့်တင်လိုက်ပြီး ခပ်အေးအေး ပြန်ပြောလိုက်သည်။ "အင်း၊ ဒီမင်းသားက စောင့်နေပါ့မယ်"

ယဲ့ချုံကျင်းတစ်ယောက် စကားမပြောနိုင်လောက်အောင်ပင် ဒေါသထွက်နေခဲ့ရသည်။ ကုချမ်က အမြဲတစေ သူ့၏စိတ်ဆန္ဒအတိုင်း အရာရာကို လျှောက်လုပ်တက်ကြောင်း သူ သိနေသော်လည်း သူကိုယ်တိုင် အရွယ်မရောက်တရောက် ကလေးတစ်ဦးဖြစ်နေသေးချိန်တွင် အခြားကလေးငယ်တစ်ဦးကို ခိုးယူရန် ဝန်ကြီးချုပ်အိမ်တော်သို့ လာရဲမည်ဟုတော့ သူ မမျှော်လင့်ထားခဲ့ပေ။

ကျောက်စိမ်းသွင်ပြင်...ရွှေအဆင်းWhere stories live. Discover now