Chapter 10

402 57 1
                                    

အခန်း ၁၀ အတိတ်မှဖြစ်ရပ်များ

အဘိုးအိုက ကြာပန်းကို နှစ်သက်သောကြောင့် ပြတင်းပေါက်အပြင်ဘက်တွင် အဖြူရောင် ကြာပန်းရေကန်တစ်ခု ရှိနေသည်။ ယခုရာသီတွင် ကြာပန်းများက နွေဦးရာသီကဲ့သို့ စိမ်းလန်းခြင်းမရှိတော့သော်လည်း ၎င်းတို့၏ကိုယ်ပိုင်ကျက်သရေဖြင့် ဆွဲဆောင်မူ အပြည့်ရှိနေသည်။

ယဲ့ချုံကျင်းက အထိန်းတော်အန်း၏ ပြုစုစောင့်ရှောက်မှုအောက်တွင် ဆေးကို ပြီးအောင်သောက်ခဲ့သော်လည်း သူ့ခေါင်းက တစ်ဆစ်ဆစ် နာကျင်နေဆဲဖြစ်သည်။ တခါတရံမှာတော့ ဒီဘဝက အမှန်တကယ်လား ဒါမှမဟုတ် သူ စိတ်ကူးယဥ်နေတဲ့ အိပ်မက်လားတောင် သူ မပြောနိုင်တော့ပါဘူး။ ဒါ​ပေမယ့်​ ဒါက အိမ်​မက်​တစ်​ခုဖြစ်ခဲ့​ရင်​ သူက ဘာ​လို ဒီလို အိပ်​မက်မျိုးကို မက်နေရတာလဲ?

သူက အရင်ဘဝက နေမကောင်း ဖြစ်ခဲပြီး ဆေးဖက်ဝင်ဟင်းချိုအနည်းငယ်တောင် မသောက်ခဲ့ရသည့်အတွက် ဖျားနာမှုတိုင်းကို သူ မှတ်မိနေခဲ့သည်။ ဥပမာအားဖြင့် မယ်တော်မိဖုရားကြီးက သူ့ကို အပြစ်ရှာခဲ့ပြီး သူ ယုံဟယ် နန်းတော်အပြင်ဘက် ရှီးချန်တဝက်ခန့် ဒူးထောက်ခဲ့ရသည်။ ထိုအချိန်တွင် မိုးရွာနေခဲ့ပြီး ပြန်လာပြီးနောက်တွင် သူ အပြင်းအထန် ဖျားကာ သူ့ဦးနှောက်က လောင်လုနီးပါးပူနေခဲ့သည်။ (တစ်ရှီးချန်= နှစ်နာရီ)

သူ ဆေးသောက်ရန် ချော့မော့သည့်အနေဖြင့် ထိုအမျိုးသားက သူ့၏ငယ်ဘဝမှ စိတ်ဝင်စားစရာကောင်းသော ပုံပြင်တစ်ပုဒ်ကို ပြောပြခဲ့သည်။

ထိုအမျိုးသားက "ကျန်းကို ကိုယ်ဝန်ရှိနေတုန်းက မယ်တော်က မျက်နှာသာ အပေးမခံခဲ့ရဘူး။ မယ်တော်က ဧကရီဖြစ်ပေမယ့် အဲဒီအချိန်တုန်းက ကျန်းရဲ့ခမည်းတော်ဧကရာဇ်က လန်ဖေးကို မျက်နှာသာပေးခဲ့တယ်။ မယ်တော်က ကျန်းကို လုံလုံခြုံခြုံ မေးဖွားနိုင်ဖို့နဲ့ ကာကွယ်ဖို့အတွက် မယ်တော်က တော်ဝင်သမားတော်ကို လာဘ်ထိုးပြီး သန္ဓေသားက မိန်းကလေးဖြစ်ဖို့ အလားအလာများတယ်လို့ ပြောခိုင်းခဲ့တယ်၊ အဲ့တာကို ကြားပြီးတဲ့နောက်မှာ အဘိုးတော်က ကျန်းအတွက် ထိမ်းမြားမှုတစ်ခု စီစဥ်ပေးခဲ့တယ်၊ သူက ဘယ်သူလို့ မင်း ထင်လဲ?" (ဖေး= ကြင်ယာတော်)

ကျောက်စိမ်းသွင်ပြင်...ရွှေအဆင်းWhere stories live. Discover now