Chapter 3

440 61 3
                                    

အခန်း ၃ အပြင်ကနေ ကောက်လာတာလား?

ယဲ့ချုံကျင်း နေထိုင်သည့် ခြံဝင်းကို ဖူနဥ်ခြံဝင်းဟုခေါ်သည်။ ၎င်းက သူ့၏ ပျော်ရွှင်မှု၊ အသက်ရှည်မှု၊ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုအတွက် သူ့မိသားစု၏ဆန္ဒကို ထုတ်ဖော်ပြသနေသည့် ခြံဝင်းအမည်ဖြစ်သည်။ ၎င်းခြံဝင်းက သူ အနားယူရန် နေရာဖြစ်သောကြောင့် ပုံမှန်နေ့များတွင် ငှက်အော်သံကိုပင် မကြားရလောက်အောင် အလွန်တိတ်ဆိတ်နေလေ့ရှိသည်။

ဒီနေ့ကတော့ နည်းနည်း ထူးခြားနေတယ်။

ယဲ့ချုံဟွေးက သူ့၏ညီငယ်လေးထံမှ နှင်ထုတ်ခံလိုက်ရသည်။ သူ့၏အနောက်တွင် ကြွေထည်နှင့် ကျောက်စိမ်းများ မြေပြင်ပေါ်သို့ ကျသွားသည့် အသံကို ကြားလိုက်ရပြီး ထိုအထဲတွင် သူ့အမေပေးထားသော ကျောက်စိမ်းကိုးဆင့်ကွင်းလည်း ပါဝင်နေပုံရသည်။ ကျောက်စိမ်းက သဘာဝအားဖြင့် နွေးထွေးသောဓာတ်ကို ပေးစွမ်းနိုင်ပြီး ကျောက်စိမ်းဖြင့် မကြာခဏ ဆော့ကစားခြင်းက ခန္ဓာကိုယ်အတွက် ကောင်းမွန်စေသည်ဟု သူ ကြားဖူးခဲ့သည်။ သို့သော်လည်း သူက ပစ္စည်းတွေကို ဂရုမစိုက်ဘဲ အားကျင်းဒေါသထွက်မည်ကိုသာ စိုးရိမ်နေမိသည်။

သူက ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး အခန်းထဲကို ပြန်ချောင်းကြည့်လိုက်ရာ ညောင်းစောင်းပေါ်မှ ကလေးလေးက သူ့ကို ဖမ်းမိသွားသည်။

အဆီပြည့်နေသော ကြွေရုပ်ကလေးက အနီရောင်အတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ကလေးလေး၏ရွှန်းစိုနေသော အနက်ရောင်မျက်လုံးတစ်စုံက သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။ ယဲ့ချုံဟွေး၏ သူ့ကိုယ်သူ အပြစ်တင်စိတ်က ချက်ချင်း ပျောက်ကွယ်သွားပြီး ရယ်စရာကောင်းသည်ဟုသာ ခံစားနေရတော့သည်။

သူက အတွင်းခန်းဆီသို့ အော်ပြောလိုက်သည်။ "အားကျင်း၊ ကောကောကို စိတ်မဆိုးပါနဲ့၊ ကောကော မနက်ဖြန် မင်းအတွက် စိတ်ဝင်စားစရာ ပစ္စည်းတွေ ရှာတွေ့မှာပါ၊ စောင့်နေနော်"

ယဲ့ချုံကျင်းက သူ့နှုတ်ခမ်းကို ကိုက်ထားရင်း သူ့အစ်ကိုကို စိုက်ကြည့်နေရာမှ အထိန်းတော်အန်းကို လှည့်ကြည့်လိုက်ပြီး အမြန် တိုက်တွန်းလိုက်သည်။ "မော့မော့၊ ပြတင်းပေါက်ကို ပိတ်လိုက်ပါ"

ကျောက်စိမ်းသွင်ပြင်...ရွှေအဆင်းWhere stories live. Discover now