Chapter 9

364 53 1
                                    

အခန်း ၉ မကောင်းသောအရာအတွက် လောဘတက်ခြင်း

ရှို့ခန်းခြံဝင်းတွင် သီးခြားမီးဖိုချောင်ငယ်တစ်ခုရှိသည်။ ပုံမှန်နေ့များတွင် အဘိုးကြီးယဲ့က ပေါ့ပါးသောစားစရာများကိုသာ စားလေ့ရှိပြီး ကလေးနှစ်ယောက် လာစားသည့်အခါမှသာ အဆီပါသော ဟင်းလျာများကို ပြင်ဆင်ခိုင်းလေ့ရှိသည်။ ယဲ့ချုံကျင်းက မီးဖိုချောင်ထဲသို့ လှမ်းကြည့်နေပြီး ကြက်သွန်ဖြူဝက်နံရိုးက ဒယ်အိုးထဲမှ ထွက်လာကာ အနံ့က ခြံအပြင်ဘက်သို့ ရုတ်တရက် ပျံ့နှံလာသည်။

ယဲ့ချုံကျင်းက ပန်းကန်ပြားကို တည့်တည့် စိုက်ကြည့်နေပြီး သူက ဘာမှ မပြောသော်လည်း မီးဖိုချောင်ရှိ အစေခံများက သူ့မျက်လုံးများမှ တောင့်တနေသော ဆန္ဒကို မြင်နိုင်ကြသည်။

စားဖိုမှူးက သူ့နဖူးမှ ချွေးတွေကို သုတ်လိုက်ပြီး "သခင်ငယ်လေး၊ မြည်းစမ်းကြည့်မယ်ဆိုရင် ဘယ်လိုလဲ?"

သူ ပြောပြီးသည်နှင့်တပြိုင်နက် ကြွေရုပ်ကလေး၏မျက်လုံးများက ရုတ်တရက် တောက်ပလာပြီး ဘာမှ မမြင်ရလုနီးပါး ဖြစ်လာသည်။

ထို့ကြောင့် စားဖိုမှူးက သူ သုံးနေကျ ငွေရောင်ပန်းကန်လုံးလေးကို ထုတ်လိုက်ပြီး ထမင်းဖြူပန်းကန်တစ်ဝက် ဖြည့်ကာ ကြွေသစ်ခွပုံပါသည့် ပန်းကန်လုံးဖြူပေါ်တွင် ပဲပိစပ်ဝက်နံရိုးဟင်းတစ်ဝက်ကို တင်ပေးလိုက်သည်။ ယဲ့ချုံကျင်းက ထိုင်ခုံအသေးလေးပေါ်တွင် ထိုင်လိုက်ပြီး စတင် စားသောက်တော့သည်။

သူက သာမန်ကလေးငယ်များထက် ပို၍ ဆိတ်ငြိမ်ပြီး အစာစားသောအချိန်တွင်ပင် အလွန်ဂရုစိုက်တက်သည်။ သို့သော် ယခုအချိန်တွင် သူက သူ့နှုတ်ခမ်းပေါ်တွင် အဆီများ စွန်းထင်းနေမှန်း မသိဘဲ အစားကိုသာ အာရုံစိုက်ကာ ခေါင်းငိုက်နေတော့သည်။ သူ့၏နူးညံ့သိမ်မွေ့သော မျက်နှာလေးနှင့် သူ့၏အပြုအမူလေးများက ဖော်မပြနိုင်လောက်အောင် ချစ်စရာကောင်းနေသည်။ မီးဖိုချောင်ရှိ ဦးလေးများနှင့် အဒေါ်များ၏ နှလုံးသားများက အရည်ပျော်သွားကာ သူတို့က ဤကလေးကို သူတို့၏အိမ်သို့ ခိုးယူသွားနိုင်ရန် ဆန္ဒရှိနေကြသည်။

ကျောက်စိမ်းသွင်ပြင်...ရွှေအဆင်းWhere stories live. Discover now