Chapter 14

306 43 1
                                    

အခန်း ၁၄ နန်းတော်ဧည့်ခံပွဲ (၁)

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆောင်းဦးပွဲတော်ရောက်ရှိလာပြီး ယခုနှစ်က ယခင်နှစ်များနှင့် မတူတော့ပေ။ ယခုနှစ်တွင် ဧကရာဇ်ချင်ကျုံးက နန်းတော်၌ ဧည့်ခံပွဲတစ်ခု ကျင်းပရန် စီစဥ်ခဲ့ပြီး မြို့တော်ရှိ အရည်အချင်းရှိသော အရာရှိများအားလုံးကို ဖိတ်ကြားထားခဲ့သည်။ မမှောင်သေးသော်လည်း နန်းဆောင်များအားလုံးတွင် ရောင်စုံမီးပုံးများကို အလှဆင်ချိတ်ဆွဲထားပြီးသား ဖြစ်နေကာ နန်းတွင်းသူ နန်းတွင်းသားများက ဧည့်ခံပွဲအတွက် တက်တက်ကြွကြွ ပြင်ဆင်နေကြသည်။

ယဲ့ရန်ပိုင်က တော်ဝင်နန်းတွင်း၏အရေးပါသော ဝန်ကြီးတစ်ဦး ဖြစ်သောကြောင့် ဘဘာဝကျစွာပင် ယဲ့မိသားစုက အစောကြီး ရောက်ရှိနေခဲ့သည်။ ဧကရာဇ်ချင်ကျုံးက "အမတ်ယဲ့ ဘယ်မှာလဲ" လို့မေးပြီး ယဲ့ရန်ပိုင်က "ကျွန်တော်မျိုး ဒီမှာ ရှိပါတယ်"လို့ အချိန်မီ မဖြေကြားနိုင်ရင် ဒါက အသက်နဲ့ဆိုင်တဲ့ကိစ္စ ဖြစ်သွားလိမ့်မယ်။ မြှောက်ပင့်ခစားခံရတာကို မကြိုက်တဲ့ ဧကရာဇ်ရယ်လို့ မရှိဘူး။ အထူးသဖြင့် ဧကရာဇ်ချင်ကျုံးပေါ့။

ထိုပွဲကို ဝမ်ရှန်းခန်းမဆောင်တွင် ကျင်းပခဲ့ပြီး စောစီးစွာ ရောက်ရှိလာသော အရာရှိများနှင့် မိသားစုဝင်များကို ဘေးဘက်မှ ဧည့်ခန်းမဆောင်တွင် အနားယူနိုင်ရန် စီစဉ်ပေးထားကြသည်။ ယဲ့ရန်ပိုင်က သားနှစ်ယောက်ကို ထိုနေရာသို့ ခေါ်သွားပြီး လက်ဖက်ရည်သောက်ရန် စီစဉ်ထားခဲ့သည်။ အန်းရှီကတော့ အနောက်ဘက်အခြမ်းမှ မောင်မဆောင်သို့ တစ်ယောက်တည်းသွားရမည် ဖြစ်သည်။

အန်းမိသားစု၏အိမ်တော်ခွဲတစ်ခုမှ ကိုယ်လုပ်တော်တစ်ဦး မွေးထုတ်ပေးနိုင်ခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ဧကရာဇ်မင်းက သူမကို မောင်းမဆောင်သို့ ခေါ်ဆောင်ထားခဲ့သည်။ ယခုအခါတွင် သူမက ဧကရာဇ်မင်းမြတ်၏ တော်ဝင်ကိုယ်လုပ်တော်အန်း ဖြစ်လာပြီဖြစ်သည်။ သူမက မျက်နှာသာပေး မခံရသော်လည်း ဧကရာဇ်မင်း၏အမျိုးသမီး ဖြစ်သောကြောင့် လေးစားမှုအချို့ကို ရရှိနေဆဲဖြစ်သည်။ အန်းရှီက သူမမိခင်၏တောင်းဆိုမှုကို လက်ခံရရှိထားပြီး သူမကိုယ်တိုင်ကလည်း တူညီသောမျိုးနွယ်စုဝင်များကြားတွင် ခင်မင်ရင်းနှီးမှုလက္ခဏာ ရှိသင့်သည်ဟု ယူဆထားသည့်အတွက် တော်ဝင်ကြင်ယာ‌တော်အန်းထံသို့ သွားရောက်လည်ပတ်ခဲ့သည်။

ကျောက်စိမ်းသွင်ပြင်...ရွှေအဆင်းWhere stories live. Discover now