Chapter 21

260 34 1
                                    

အခန်း ၂၁ ဒရယ်ဖြူလေး ပို့ပေးမယ်

အထိန်း‌တော်အန်းက ကလေး၏ ဖိနပ်နှင့် ခြေအိတ်များကို လက်ထဲတွင် ကိုင်ထားရင်း အပြင်သို့ ပြေးထွက်လာကာ "သခင်ငယ်လေး၊ ရာသီဥတုက အေးလာတော့ မြေကြီးတွေကလည်း အရမ်းအေးနေပြီ။ ခြေထောက်ဗလာနဲ့ လျောက်ပြေးနေတာက အဆင်မပြေတော့ဘူး၊ အအေးမိလို့ ဖျားနာရင် ခေါင်းကိုက်ပြီး နာကျင်ရမှာ မဟုတ်ဘူးလား?"

ယဲ့ချုံဟွေးက အနီရောင်နန်းမူသစ်သားကုလားထိုင်ပေါ်မှာတွင် ထိုင်နေပြီး သူ့ညီလေး၏ခြေထောက်များကို ကိုင်ထားရင်း ပြုံးနေကာ "ကိစ္စမရှိပါဘူး၊ ရက်အနည်းငယ်ကြာရင် ဒီအခန်းက နူးညံတဲ့ကျားသားရေတွေနဲ့ ဖုံးလွှမ်းသွားလိမ့်မယ်၊ အားကျင်းက ဘာပြဿနာမှ မရှိဘဲ ကြမ်းပြင်ပေါ်မှာ လူးလှိမ့်နေနိုင်လိမ့်တယ်"

သူ့ပေါင်ပေါ်ရှိ ကလေးလေးက နောက်သို့ ပြန်လှည့်လာပြီး သူ့ကို မျက်စောင်းဖိုးနေကာ "ဘယ်သူက ကြမ်းပေါ်မှာ လူးလှိမ့်မှာလဲ၊ ငါ..... မဟုတ်ဘူး..."

တကယ်တော့ သူက ငါက သုံးနှစ်အရွယ် ကလေးမဟုတ်ဘူး လို့ ပြောချင်တာပါ၊ ဒါပေမယ့် သူက စကားလွှဲလိုက်ပြီး "ငါ.... မဟုတ်ဘူး" လို့ဘဲ ပြောလိုက်တော့တယ်။

ယဲ့ချုံဟွေးက "အိုး!" ဟူသော အာမေဋိတ်သံဖြင့် မျက်ခုံးပင့်လိုက်ပြီးမှ "အခုန သူ့ရဲ့ကောကောကို ချက်ချင်း ပြန်မောင်းထုတ်တဲ့သူက ဘယ်သူလဲ"

ထိုအချိန်တွင် ရှီးတုန်က လုကျစ်ယန်ကို နောက်ဖေးခန်းထဲမှ ခေါ်လာပြီး အပြင်သို့ ထွက်လာခဲ့သည်။ ယဲ့ချုံကျင်းက သူ့နှုတ်ခမ်းလေးများကို ခပ်တင်းတင်း စေ့ထားလိုက်သည်။

ဒီလောဘကြီးတဲ့ကြောင်လေးက သူ့ရဲ့အဆာပြေမုန့်တွေ လုယူမှာကို တားဆီးနေရတာဆိုတော့ သူ့က စကားမပြောတော့ဘဲ သူ့ပါးတွေကို ဖောင်းထားပြီး စိတ်ကောက်နေလိုက်တယ်။

ယဲ့ချုံဟွေးက လုကျစ်ယန်ကို မြင်သွားပြီး "ဒါက ကျန်းယွမ်မှူးမတ်အိမ်တော်က ညီလေးကျစ်ယန်ပဲ ဖြစ်ရမယ်။ ငါ သခင်ကြီးလုကို အိမ်ရှေ့ခန်းမှာ တွေ့ခဲ့တယ်။ သူက ငါ့အဖေနဲ့ စကားပြောနေတယ်၊ မင်းကို ပြန်ခေါ်ဖို့ ရောက်လာတာ ထင်တယ်"

ကျောက်စိမ်းသွင်ပြင်...ရွှေအဆင်းWhere stories live. Discover now