Chapter 25

288 42 1
                                    

အခန်း ၂၅ မကောင်းတာတွေ သင်ပေးထားတယ်

ယွဲ့နယ်စားအိမ်တော်၏ ဘေးတံခါးရှေ့တွင် အညိုရင့်ရောင်ရထားလုံးတစ်စီး ဖြည်းညှင်းစွာ ရပ်လိုက်ပြီး ရထားထိန်းက အသိပေးလိုက်သည်။

"သခင်လေး၊ ကျွန်​တော်တို့ ရောက်ပါပြီ"

အပြာ​ရောင်​ကန့်​လန့်​ကာ ပွင့်​လာပြီး မော့ဟွိုက်ရွှယ်က ရထားလုံးထဲမှ ခုန်​ဆင်းလာကာ ခြံဝင်းဆီသို့ တည့်တည့် လျှောက်သွားနေသည်။

လမ်းတလျှောက်တွင် အိမ်တော်မှ ကျေးကွန်များနှင့် အစေခံများစွာကို သူ တွေ့ခဲ့ရပြီး ထိုလူများက သူ့ကို မြင်သောအခါ မော့ဟွိုက်အန်းကို တွေ့ရသည်လောက် ဂရုတစိုက် မရှိသော်လည်း သူတို့၏လေးစားမှု့ကိုတော့ ပြသနေကြဆဲပင်။

ကိုယ်လုပ်တော်မှ မွေးဖွားလာသော ဤသခင်ငယ်လေးက နယ်စားအိမ်တော်၌ မျက်နှာသာ အပေးမခံရသော်ငြားလည်း သူက အပြင်ဘက်တွင် အတော်လေး စွမ်းဆောင်နိုင်ခဲ့သည်။ ပထမအနေဖြင့် သူက တိုင်အန်းကျောင်းတော်သို့ တက်ရောက်ခွင့်ရခဲ့ပြီး နယ်စားအိမ်တော်အတွက် ကြီးမားသော ဂုဏ်သိက္ခာတစ်ခု ယူဆောင်ပေးခဲ့သည်။ ထို့နောက် သူက အိမ်ရှေ့စံမင်းသား၏ စာဖတ်ဖော် ဖြစ်လာပြီး ပဉ္စမမင်းသားလေးနှင့်လည်း ရင်းနှီးခဲ့သည်။ ယခုအခါ ဧကရာဇ်၏မျက်နှာသာကို ပြန်လည်ရရှိနေပြီဖြစ်သော ပဉ္စမမင်းသား၏အသက်ကို ကယ်တင်ခဲ့သော ကရုဏာကျေးဇူးတော်ကြောင့် ဤသခင်ငယ်လေး၏ အနာဂတ်က အဆုံးအစ မရှိနိုင်တော့ပေ။

သူ့၏အောင်မြင်မှုနှင့်အတူ သူ့အမေ၏ဘဝကလည်း ပိုလွယ်ကူလာတော့မည် ဖြစ်သည်။

သူ့၏မိခင် ချင်ရှီက ယွဲ့နယ်စားအိမ်တော်မှ ကိုယ်လုပ်တော်ဖြစ်သည်။ သူမက အလွန်လှပပြီး တချိန်က မြို့တော်တွင် အလွန်ကျော်ကြားသော အကမယ်တစ်ဦးဖြစ်ခဲ့ဖူးသည်။ သူမ၏ထူးခြားဆန်းပြားသော အကများကြောင့် မင်းသားများ၊ မှူးမတ်များနှင့် သခင်ငယ်လေးများက သူမကို စွဲလန်းခဲ့ကြသည်။ ယွဲ့နယ်စားက သူမကို တစ်ကြိမ်တွေ့ပြီးနောက် စွဲလန်းသွားကာ သူမကို အိမ်တော်ထဲသို့ ခေါ်သွင်းရန် တတ်နိုင်သမျှ နည်းလမ်း ပေါင်းစုံဖြင့် ကြိုးစားခဲ့သည်။ သူက သူမကို နှစ်အတော်ကြာ ချစ်ခဲ့သော်လည်း နောက်ပိုင်းတွင် လူသစ်များ ရောက်လာသောအခါ လူဟောင်းကို မေ့သွားခဲ့သည်။

ကျောက်စိမ်းသွင်ပြင်...ရွှေအဆင်းWhere stories live. Discover now