Chapter 2

528 55 2
                                    

အခန်း ၂ ယဲ့ချုံကျင်း

အဝါရောင်သစ်မွေးသားဖြင့် ထွင်းထုထားသော သစ်သားပြတင်းပေါက်များက အနည်းငယ် ပွင့်နေပြီး သင်းပျံသောကြာပန်းရနံ့က လေနုအေးနှင့်အတူ နှာဖျားဆီသို့ တိုးဝှေ့ဝင်ရောက်လာသည်။

နူးညံ့သည့်ထိုင်ဖုံပေါ်တွင် ထိုင်နေသည့် ပန်းရောင်ကျောက်စိမ်းသဏ္ဍန် ကလေးငယ်လေးက အသက်တစ်နှစ် သို့မဟုတ် နစ်နှစ်ခန့်ရှိမည့်ပုံပေါ်နေသည်။ အိစက်နေသော အနီရောင်တောက်တောက် ပိုးဖဲသားပေါ်တွင် နှင်းပွင့်ကလေးများ ပန်းထိုးထားသည့် အနီရောင်အတွင်းဝတ်ကို ဝတ်ဆင်ထားသည့် ကလေးလေးက သူ၏ကြာစွယ်ကဲ့သို့သွယ်တန်းနေသည့် ကျောက်စိမ်းဖြူရောင် ခြေထောက်ကလေးနှစ်ချောင်းဖြင့် ပေါ့ပေါ့တန်တန် လျောက်ကန်နေခဲ့သည်။ သူ့၏ခြေဖဝါးလေးများက ကုတင်ရှေ့မှ ပန်ပွားအမြိတ်များကို ရှုပ်ယှက်ခတ်နေအောင် ပြုလုပ်နေပြီး ဘာကိုမှ ဂရုမစိုက်ပုံရသည်။

အထိန်းတော်အန်းက သူမ၏လက်ထဲတွင် ကိုင်ထားသော နန်မုသစ်သားဇွန်းဖြင့် ညိုညိုမည်းမည်းဟင်းရည်တစ်ဇွန်းကို ခပ်ယူလိုက်ပြီး ကလေး၏နှုတ်ခမ်းနားဆီသို့ ဂရုတစိုက် ကပ်ပေးကာ ချော့မော့နေသည်။ "မက်မွန်ရည် ထည့်ထားပြီးပြီ၊ မြည်းစမ်းကြည့်ပါဦး သခင်လေး။ သခင်လေး မကြိုက်ရင် နောက်တစ်မျိုး ပြင်ဆင်ပေးဖို့ စဉ်းစားပေးပါ့မယ်"

ကလေးလေးက ခေါင်းငုံ့ထားပြီး သူ၏နှာခေါင်းသေးသေးလေးကို လှုပ်ခါနေသော်လည်း ဆေးနံ့ကို သိသိသာသာ ရှူရှိုက်လိုက်မိသည်။

တကယ်တော့ မက်မွန်ဝတ်ရည်တစ်ဇွန်းက ဆေးရဲ့အခါးဓာတ်ကို မထိန်းနိုင်ပါဘူး။ ရှိသင့်တဲ့ အခါးရဲ့အရသာနဲ့ အနံကတော့ ရှိနေတုန်းပါပဲ။

ကလေးလေးက မျက်မှောင်ကြုတ်ထားပြီး သူ၏ခေါင်းသေးသေးလေးကို ခါယမ်းနေကာ ဆေးသောက်ရန် ငြင်းဆန်နေခဲ့သည်။

အထိန်းတော်အန်းက နူးညံ့သိမ်မွေ့သော အမူအရာဖြင့် အကြံဉာဏ်ပေးလိုက်သည်။ "ဆေးကောင်းက ပါးစပ်ထဲမှာ ခါးပြီး ခါးတဲ့ဆေးက ရောဂါအတွက် ကောင်းတယ် တဲ့၊ ဒီဆေးက ခါးပေမယ့် ရောဂါတွေကို သက်သာပျောက်ကင်းစေနိုင်တယ်။ သခင်လေး စောစော နေပြန်ကောင်းသွားရင် ခြံထဲမှာ ဆော့ကစားလို့ ရပြီလေ"

ကျောက်စိမ်းသွင်ပြင်...ရွှေအဆင်းWhere stories live. Discover now