Chapter 19

286 36 6
                                    

အခန်း ၁၉ အဖေနဲ့ သား

နောက်တစ်နေ့ ယဲ့ချုံကျင်း နိုးလာချိန်တွင် ဖူနဥ်ခြံဝင်းသို့ ပြန်ရောက်နေပြီဖြစ်သည်။ အထိန်းတော်အန်းက သူ နိုးလာသည်ကို တွေ့သွားပြီး သူ့ကို ဆေးကြောသန့်စင်ပေးရန် အစေခံများကို ညွှန်ကြားလိုက်သည်။

ကလေးလေး၏မျက်နှာပေါ်တွင် တွေဝေငေးမော‌နေသော အရိပ်အယောင်များ ရှိနေသေးပြီး သူ့၏နှင်းဖြူရောင်ကဲ့သို့ ဖွေးနေသော အရေပြားများက နီညိုရောင်အရိပ်အယောင်များ စွန်းထင်းနေကာ ကောင်းကောင်းအိပ်မပျော်ပုံဖြင့် ငေးမှိုင်နေပုံခဲ့သည်။ အထိန်းတော်အန်းက သူ့နားထင်လေးများကို နှိပ်နယ်ပေးနေရင်း မေးလိုက်သည်။ "ကျွန်တော်မျိုးမတို့ရဲ့သခင်လေးက မနေ့က အရက်တွေ အများကြီးသောက်ခဲ့တာလား?"

ယဲ့ချုံကျင်းက လုံးဝ တုံ့ဆိုင်းသွားပြီး သူက ခေါင်းကို အမြန်ခါလိုက်ကာ အပြစ်ကင်းစင်သော အမူအရာလေးဖြင့် ပြန်ဖြေလိုက်သည်။ "အားကျင်း မသိဘူး၊ အားကျင်းက ရေနှစ်ခွက်ပဲ သောက်ခဲ့တာ"

အထိန်းတော်က နှိပ်ပေးနေတာကို ရပ်လိုက်ပြီး "သခင်ငယ်က ဉာဏ်အကောင်းဆုံးပါ။ သခင်လေးက ဝိုင်နဲ့ ရေကြားက ခြားနားချက်ကိုတောင် မပြောနိုင်တော့ဘူးတဲ့လား? သူ သိနေရက်နဲ့ အသစ်အစမ်းတခုအနေနဲ့ စမ်းကြည့်ချင်နေတာ ဖြစ်မှာကို ဒီအထိန်းတော်ကြီးက စိုးရိမ်မိပါရဲ့"

သူ ထုတ်ဖော်ခံလိုက်ရမှန်း သိလိုက်သော ယဲ့ချုံကျင်းက ဆက်မငြင်းတော့ဘဲ သူ့ကိုယ်သူ ခုခံကာကွယ်လိုက်သည်။ "ဝိုင်ပုလင်းကို စားပွဲပေါ်တင်ထားတာက လူတွေ သောက်ဖို့ပဲ မဟုတ်ဖူးလား?"

အထိန်းတော်အန်းက စိတ်တိုသွားပုံဖြင့် ငြိမ်သက်သွားပြီးနောက် ပြင်းပြင်းထန်ထန် ထပ်ပြောလာခဲ့သည်။ "သခင်ငယ်လေး၊ ဒီကျွန်အိုကြီးက အလကားသက်သက် မြည်တွန်တောက်တီးနေတာ မဟုတ်ပါဘူး၊ ဝိုင်​က ​ကောင်းတဲ့အရာ မဟုတ်​ဘူး၊ အရွယ်ရောက်ပြီးတဲ့ လူကြီးတွေတောင် အလွန်အကျွံ ​သောက်မိ​ရင်​ ဒုက္ခ​ရောက်တက်တယ်​၊ သခင်​ငယ်​လေးက အခုမှ နေပြန်ကောင်းကာစ ကလေးလေးလေ၊ အဲ့ဒါက သခင်ငယ်လေးရဲ့ခန္ဓာကိုယ်​ကို နာကျင်​​စေရင်​ ကျွန်တော်မျိုးမတို့ အားလုံး စိတ်ဆင်းရဲ​ရလိမ့်​မယ်၊ အရင်တုန်းက သခင်မက သခင်ငယ်လေးအတွက် မျက်ရည်ကျခဲ့တာကို သခင်ငယ်လေး မှတ်မိတယ်မလား?"

ကျောက်စိမ်းသွင်ပြင်...ရွှေအဆင်းWhere stories live. Discover now