Chapter 20

249 33 1
                                    

အခန်း ၂o လူပြောင်းသွားပြီ

ဖုန့်ရှီနန်းဆောင်တွင်.....

ဧကရီမူ သူမ၏လက်ထဲတွင် ခရမ်းရောင်ကျောက်စိမ်းပုတီးတစ်ကုံးကို ကိုင်ထားပြီး "ဗုဒ္ဓဘုရား စောင့်ရှောက်တော်မူပါ"ဟု တီးတိုး ရေရွတ်နေသည်။

(T/N; အဲ့နားမှာက နေ တရုတ်ကားတွေထဲက ဘုန်းကြီးတွေ ပြေသလို "အော့မီထို့ဖော့" လို့ ‌ ရွက်ဆိုတာပါ၊ အဓိပ္ပါယ်က "may the lord Buddha preserve us!" တဲ့)

တော်ဝင်ကြင်ယာတော်လန်၏ နူးညံ့သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသောအသွင်အပြင်နှင့် နှိုင်းယှဉ်ပါက သူမ၏အသွင်အပြင်က ပိုမိုတည်ငြိမ်ကာ ဖျော့တော့နေပုံရပြီး သူမက အသက်သုံးဆယ်ကျော်အရွယ် ရှိနေပြီ ဖြစ်သောကြောင့် သူမ၏မျက်လုံးထောင့်များတွင် အရေးအကြောင်းအချို့ကို မြင်တွေ့နေရပြီ ဖြစ်သည်။ သူမ၏ မျက်ခုံးများက လောကသားတို့အပေါ် ကြင်နာ သနားတတ်သော ဘုရားလောင်းနှင့် တူနေသည်။ သို့သော်လည်း ဤမောင်းမဆောင်ကဲ့သို့သော နေရာမျိုးတွင် အမှန်တကယ် ကြင်နာသနားတတ်သူဟူ၍ တစ်ခါမှ မရှိခဲ့ပေ။

"ချမ်အာက မကြာသေးခင်က ယောင်အာနဲ့ ပတ်သက်ပြီး အရမ်းစိတ်ပူနေခဲ့တာလား?"

ကုချမ်က လက်ဖက်ရည်တစ်ငုံကို ပေါ့ပေါ့ပါးပါး သောက်လိုက်ပြီးမှ "သားတော် အကောင်းဆုံး ကြိုးစားနေပါတယ်။ လီဖေး အသက်ရှင်နေတဲ့ အချိန်တုန်းက သူ(မ)က မယ်တော့်ကို ညီမအရင်းလို ဆက်ဆံခဲ့တယ်။ အခု သူ(မ) မရှိတော့ဘူးဆိုတော့ သူ(မ)ရဲ့ ကလေးဖြစ်တဲ့ ရှောင်ဝူ့ကို ဂရုစိုက်ပေးသင့်တယ်၊ အဲ့တာက ရှင်းပြချက်လို့ ယူဆနိုင်ပါတယ်"

ဧကရီက မျက်မှောင်ကြုတ်လိုက်ပြီး "ဒီလိုဆိုရင် ဆောင်းဦးပေါက်ပွဲတော်မှာတုန်းက သားတော် ဘာလို့ လိမ်ခဲ့တာလဲ? ယောင်အာ့ကို မူဖုန်းမြစ်ထဲကို တွန်းချခဲ့တဲ့လူက ဘယ်သူလဲဆိုတာကို မင်း သိပေမယ့် မင်းက အဲ့ဒါကို တမင်ဝှက်ထားခဲ့တယ်၊ မင်းက အပြစ်ရှိတဲ့သူကို ကာကွယ်ပေးချင်နေတာလား?"

"မယ်တော်က အရာအားလုံးကို တကယ် သိနေတာပဲ"

ဧကရီက သူမ၏မျက်လုံးများကို အနည်းငယ် မှေးကျဥ်းထားကာ သူမ လက်ထဲမှ ဆုတောင်းပုတီးစေ့များကို လှည့်ပတ်နေပြီး "ပန်ကုန်းက ဒီမောင်းမဆောင်ရဲ့ သခင်မပါ၊ ဒါကြောင့် ပန်ကုန်းရဲ့နှာခေါင်းအောက်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိဘဲ နေပါ့မလား?"

ကျောက်စိမ်းသွင်ပြင်...ရွှေအဆင်းWhere stories live. Discover now