အခန်း ၇ ပေါင်းစပ်ထားသည့် အခြေအနေများ၏ ထူးဆန်းမှု
ယဲ့ရန်ပိုင်က သူ အလွန်စိုးရိမ်နေရသည့် အကြောင်းအရင်းကို အန်းရှီအား မပြောပြခဲ့ပေ။ မကြာသေးမီက အရှေ့နန်းတော်မှ အိမ်ရှေ့စံမင်းသားက ပုံမှန်မဟုတ်သော အမူအရာအချို့ကို ပြုလုပ်ခဲ့သည်။ ထိုအရာက သူ့ကို မြူခိုးများ ဖုံးလွမ်းနေပြီး အတွင်းတံခါးကို မမြင်နိုင်ဘူးဟု ခံစားရစေသည်။
ယဲ့မိသားစုက နန်းတွင်း၌ အလွန်ထူးခြားသော ရပ်တည်မှုဖြစ်ပြီး ဧကရာဇ်မင်းမြတ်က သူတို့ကို အလွန်တန်ဖိုးထားသော်လည်း တစ်ချိန်တည်းတွင် သူတို့က မည်သည့်အဖွဲ့ခွဲတွင်မှ မပါဝင်ခဲ့ပေ။ သူတို့က ဘက်မလိုက်သော စိတ်ထားကို အမြဲထိန်းသိမ်းထားခဲ့ပြီး လူအများက နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးသော ပညာရှင်များ ဖြစ်သောကြောင့် တတ်နိုင်သမျှ နည်းမျိုးစုံဖြင့် ချီးမြှောက်ခြင်းခံရသည်။ ထို့ကြောင့် သူ့၏အဆင့်အတန်းက အလွန်မြင့်မားလှသည်။
သို့သော် ထိုအခြေအနေကို ထိန်းသိမ်းရန် မလွယ်ကူတော့ပေ။ အထူးသဖြင့် မကြာသေးမီနှစ်များအတွင်း မင်းသားများက ကြီးပြင်းလာပြီ ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးသွားသော ဒုတိယမင်းသားနှင့် စိတ်ပိုင်းဆိုင်ရာ ပျက်စီးနေသော ပဉ္စမမင်းသားမှလွဲ၍ ကျန်မင်းသားများတွင် သူတို့၏ကိုယ်ပိုင် အတွေးအမြင်နှင့် အကြံအစည်များ မရှိဟု ပြောရန်က ခက်ခဲလှပေသည်။
ယဲ့ရန်ပိုင်က ကွန်ဖြူးရှပ်၏ အလယ်အလတ်မှ အတွေးအခေါ်နှင့်အယူဝါဒများကို ကောင်းစွာ နားလည်နေပြီး သူက မင်းသားများကို ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံသော်လည်း လုံလောက်သော ရင်းနှီးမှု မရှိခဲ့ပေ။ သူက သူ့၏ဟောပြောပို့ချချက်များပြီးတိုင်းတွင် စကားတစ်ခွန်းမှ မပြောဘဲ ပြန်ထွက်သွားလေ့ရှိသည်။
ထိုအရာက ဧကရာဇ်ချင်ကျုံး၏ဆန္ဒနှင့် မကိုက်ညီကြောင်း သိသာထင်ရှားနေသည်။ ဧကရာဇ်က အိမ်ရှေ့မင်းသားကို ရာဇပလ္လင် အမွေဆက်ခံရန် အလိုရှိနေပြီး ယဲ့ရန်ပိုင်ကို အိမ်ရှေ့မင်းသား၏ဆရာအဖြစ် လစဉ်လတိုင်း၏အစရက်များတွင် စာသင်ပေးရန် ခန့်အပ်ထားခဲ့သည်။ အမှန်တွင် ဧကရာဇ်က အိမ်ရှေ့မင်းသားက ကံကြမ္မာကို ပိုင်ဆိုင်ကြောင်း ပြောပြချင်နေခြင်းဖြစ်ကာ ယဲ့မိသားစုက အိမ်ရှေ့စံမင်းသားကို အပြည့်အဝ ပံ့ပိုးပေးစေလိုခြင်းပင်။
YOU ARE READING
ကျောက်စိမ်းသွင်ပြင်...ရွှေအဆင်း
Historical FictionThis is Myanmar Translation. English Name: Gold and Jade on the Outside [Rebirth] Chapter 130 Chapters + 2 Extra (Complete)