"သမီး အမေရော"
ဖိန်ဆရာဝန် ယွမ်ရှကိုမေးရင်းနဲ့လက်ထဲကဆေးစာရွက်ကို လုရန်ကိုပေးလိုက်သည်
လုရန်က ဆေးစာရွက်ကိုယူပီးယွမ်ရှကိုပေးလိုက်သည်
"ဒါ ဆေးစာရွက်"
ယွမ်ရှ ခေါင်းမမော့ဘဲဆေးစာရွက်ကိုယူပီးနောက်...
"ကျေးဇူးတင်ပါတယ် ဆရာဝန်ဦးဦး"၂၂နှစ်ပဲရှိသေးသည့်လုရန်သည် ပထမဆုံး ၁၀ကျော်သက်ကလေးမလေးဆီကနေ ဦးဦးလို့ခေါ်ခံလိုက်ရတော့ မျက်ခုံးကြုတ်သွားတော့သည်
"မင်းအမေရော"
"သူ...သူကိစ္စရှိလို့ပြန်သွားပီ"
'၁၄နှစ်ပဲရှိသေးတဲ့ကလေးတယောက်ကိုဆေးရုံမှာတယောက်တည်းထားခဲ့ပီး ဆေးခန်းပြခိုင်းတယ် ဒီအမေတော်တော်ကောင်းတဲ့အမေပဲ'ဆိုပီးစိတ်ထဲကနေ လုရန်ပြောလိုက်တော့သည်
"မင်းငါနဲ့လိုက်ခဲ့"
ယွမ်ရှ မတ်တပ်ရပ်လိုက်ပီးတော့ ဘေးခန်းက စစ်ဆေးမယ့်အခန်းထဲကိုလုရန်နဲ့တူတူလိုက်သွားလိုက်သည်
သူမီးဖွင့်လိုက်ကာ အလယ်မှာထားထားတဲ့စက်ကိုပြပီး..
"အဲ့မှာထိုင်ပီး မေးစေ့ကိုဒီပေါ်တင်လိုက်"ရှရှဘေးနားကနေအနေအထားမှန်အောင် နေရာချပေးပီးမှ အရှေ့မှာပြန်ထိုင်လိုက်ကာ စက်ရဲ့မှန်ဘီလူးနဲ့ကြည့်လိုက်သည်
"မျက်တောင်မခပ်နဲ့ မလှုပ်နဲ့ ဓာတ်ပုံရိုက်သလို တချက်လင်းပီးရင်ပီးပီ"
ပြောတော့တာလွယ်သည် ရှရှကတော့ လင်းလိုက်တာနဲ့မျက်တောင်ခက်ခက်သွားတော့သည် ပိုပီးသတိပေးလေ ပိုပီး လှုပ်လေဖစ်နေတာကြောင့် ရိုက်နေတာအခေါက်ပေါင်းမနည်းတော့ချေ
"လုရန် ထမင်းချိန်ရောက်နေပီ နင်ဘာလုပ်နေတာလဲ"
လုရန်လိုပဲဆရာဝန်uniform ဝတ်ထားတဲ့မိန်းကလေးတယောက်ဝင်လာပီး မေးလိုက်သည်
"ထမင်းစားချိန်ရောက်နေပီ ထမင်းမစားသေးဘူးလား"
"ငါဒီမှာ စစ်စရာရှိသေးလို့ မင်းအရင်သွားနှင်လိုက်"
ရှရှ ဆူခံရမှာဆိုးကာ စိတ်လှုပ်ရှားပီးလက်မှာချွေးတွေပင်ပြန်လာတော့သည်
YOU ARE READING
Dear uncle doctor🩺(Complete)
Любовные романы*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...