🩺Dear uncle doctor(အပိုင်း-၅၁)🩺

141 6 0
                                    

"ဒါဆို..."

ရှရှ ဆုံးဖြတ်ရခက်နေတာကြောင့် လုရန် သူမနားပိုတိုးကပ်လိုက်ကာ
"ကိုယ့်မိဘတွေက အရမ်းသဘောကောင်းတယ် ရှရှကို သဘောကျမှာ ကျိန်းသေတယ်"

"ရှရှ ပြောချင်တာက ကိုကို မိဘတွေအတွက် လက်ဆောင်ဝယ်သွားရမလားလို့"

လုရန် ရီလိုက်ကာ
"ကိုယ်ပြင်ဆင်ထားလိုက်မယ် စျေးကြီးတဲ့လက်ဆောင်တွေမလိုဘူး"

လုရန် ရှရှ နှုတ်ခမ်းပေါ်တချက်ဖိနမ်းလိုက်ကာ
"ရှရှ လိုက်လာတာက သူတို့အတွက် အကောင်းဆုံးလက်ဆောင်ပဲ"
-
-
-
ရှရှ စန်းရ သွားတဲ့လေယာဉ်ပေါ်တက်လိုက်မှ စိတ်လှုပ်ရှားလာကာ လုရန်ကိူ လည်းအခေါက်ပေါင်းများစွာ မေးနေလေသည်
"ကိုကို ရှရှတကယ် သွားရမှာလား"

"ကိုယ်မိဘတွေက ကျားတွေမဟုတ်လို့ ယုန်လေးကိုစားမှာမဟုတ်ဘူး"

လုရန် ရီလိုက်ကာ ရှရှ ခေါင်းကို သူ့ပုံခုံးပေါ် မှီခိုင်းလိုက်ကာ
"ခဏလောက်အိပ်လိုက် ခဏနေရောက်တော့မယ်"

ရှရှ ညက စိတ်လှုပ်ရှားကာ တညလုံး အိပ်လို့မပျော်တာကြောင့် အခု မျက်လုံး မှိတ်ကာ အိပ်ဖို့လုပ်ပေမယ့်လည်း ခဏလောက်ကြာတော့ မျက်လုံးပြန်ပွင့်လာလေသည်

လုရန် ကွန်ပျူတာဖွင့်လိုက်ကာ စာတမ်းတခုဖွင့်လိုက်ပီးနောက် ရှရှ ပေါင်ပေါ် စောင်တင်လိုက်ပီးနောက် ကွန်ပျူတာကို သူမပေါင်ပေါ်တင်ပေးလိုက်သည်

"ကိုကို ဘာလုပ်မို့လဲ"

"ရှရှကို ကြည့်ခိုင်းမလို့ စာတမ်းက အဂလိပ်လိုတွေ ရှရှ ကြည့်ရင်း အိပ်ငိုက်အောင်လို့ ခဏကြည့်လိုက် အိပ်လို့ကောင်းအောင်"

ရှရှ အရင်တုန်းက စာတမ်းကြည့်ရင် အိပ်ငိုက်တယ်လို့ပြောဖူးတာကြောင့်ဖစ်သည်

"ရှရှ အိပ်လို့မပျော်ဘူး"

လုရန် ရှရှ မျက်နှာက ကျနေတဲ့ဆံပင်တွေကို နားနောက်ကို ပို့ပေးလိုက်ကာ လက်ချောင်းက သူမနားနားမှာ ရပ်လိုက်ပီး ဘေးနည်းနည်းစောင်းကာ နမ်းလိုက်သည်
"အဲ့ဆို ဘယ်လိုလုပ်မလဲ ကိုယ် နမ်းပေးမယ်"

ရှရှ မျက်နှာနီရဲလာကာ လေယာဉ်တခုလုံးမှာ လူတွေအပြည့်ဟာကို နမ်းချင်တိုင်းနမ်းလို့ရမလား

Dear uncle doctor🩺(Complete)Where stories live. Discover now