သူတို့သွားနေရင်းနဲ့ လမ်းမှာ လင်ရှန်အကိုပြန်လှည့်လာတာကိုတွေ့လေသည်
"လင်ရှန် အကို"
လင်ရှန် ရှရှကိုကုန်းပိုးထားတဲ့ လုရန်ကို တချက်ကြည့်လိုက်သည်
"ညီမလေး ဘာမှမဖစ်တော့ဘူး ပြန်တော့နော်"
လုရန် လင်ရှန်ကို ခေါင်းတချက်ငြိမ့်ပြလိုက်ကာ နှုတ်ဆက်လိုက်လေသည်
"ညီမလေးတို့သွားတို့မယ်နော်"
လင်ရှန် ရှရှတို့ရဲ့နောက်ကျောကို တချက်လှည့်ကြည့်လိုက်ကာ ရှရှနဲ့ တော်တော်ရီးနှီးတဲ့ပုံပေါ်တာကြောင့် စိတ်ချသွားတော့သည်
"ကိုယ်တို့ အရင်ဆေးရုံသွားကြမယ် မင်းခြေထောက်က ခြစ်သွားတဲ့အနာကို အရင်ဆေးထည့်ရမယ်"
ရှရှ ကားပေါ်ရောက်သွားတော့မှ စိတ်အနည်းငယ်အေးသွားကာ dashboardပေါ်က တစ်ရှူးကို ယူကာ လုရန်ကို သုတ်ပေးလိုက်သည်
"ကိုကို အလုပ်ချိန်မဟုတ်ဘူးလား"
ရှရှ တစ်ရှူးထပ်ထုတ်ကာ သုတ်ပေးဖို့လုပ်နေတုန်း
"ရပီ ရှရှ""ကိုယ် သတင်းကြည့်လိုက်တော့ ဒီဘက်မှာ မိုးအရမ်းရွာပီး ရေကြီးနေတယ်ဆိုလို့ ရှရှကို စိုးရိမ်လို့လိုက်လာတာ အန္တာရယ်များလွန်းတယ်"
"အဲ့ဆို ဘာလို့ ကိုယ့်ကို မိုးကာမဝတ်လာတာလဲ"
ရှရှ သူရှေ့မှာထိုင်နေကာ တကိုယ်လုံးစိုရွှဲနေတဲ့လုရန်ကိုကြည့်ပီး မျက်ရည်တွေဝဲလာသည်
လုရန် ရှရှရဲ့ရေစိုနေတဲ့ရှေ့ဆံပင်လေးကိုပွတ်ပေးလိုက်ကာ
"ကိုယ်ဘာမှမဖစ်ဘူး"
-
-
-
ဆေးရုံရောက်တော့ ရှရှ ဒဏ်ရာကိုဆေးထည့်ကာ ပတ်တီးစည်းလိုက်ပီးနောက် ရှောင်ရှီးဆီကနေ ဖိနပ်တရံတောင်းကာ စီးလိုက်တာကြောင့် လုရန် သွားတိုင်းကုန်ပိုးပေးဖို့မလိုတော့ပေ"ဒဏ်ရာက သိပ်မနက်တော့ ချုပ်စရာမလိုဘူး ရေမစိုစေနဲ့နော် ရက်နည်းနည်းကြာရင်ကောင်းသွားလိမ့်မယ်"
ဆေးထည့်ပေးနေတဲ့ nurseက ရှရှကိုပြောလိုက်သည်
"ကိုယ်ရုံးခန်းပြန်ပီး အကျီသွားလဲလိုက်ဦးမယ်"
YOU ARE READING
Dear uncle doctor🩺(Complete)
Romansa*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...