ရှရှ ဒီမှာနေနေတာ လင်ရှန်မှာလွဲလို့တခြားသူမသိပေ
လင်ရှန်ကိူတောင် သူမဒီမှာနေတာ တခြားလူပြောရင် သူမထွက်သွားမယ်လို့ခြိမ်းခြောက်ထားတာကြောင့် သူမဒေါ်လေးပင်မသိပေ
ဒီရပ်ကွက်က အိမ်တွေက အိမ်ဟောင်းတွေဖစ်ကာ လူသိပ်မရှိတော့ဘဲ အိမ်ပြောင်းရမှာပျင်းတဲ့ အသက်ကြီးတဲ့ အရွယ်တွေတာအနည်းငယ်ရှိသည့်အပြင် သူမနေတဲ့တိုက်က ဓာတ်လှေကားမပါသောကြောင့် အိမ်အောက်မဆင်းကြောင့်တာများသည်
ညဘက်ဆို တရပ်ကွက်လုံးတိတ်ဆိတ်ကာ လူအရိပ်အယောင်ပင် မမြင်ရချေ
သူမတောင် ညဘက် အပြင်မထွက်ဖစ်ဘဲ ဒီနေ့မှ သူမမှာထားတဲ့စောင်ရောက်နေပီဖစ်ကြောင်း အကြောင်းကြားတာကြောင့်သွားယူခြင်းဖစ်သည်
ဒီရက်ပိုင်းအတွင်း ရာသီဥတုပိုအေးလာကာ ဒီညမှာ သူမစောင်မရှိရင် ခဲသေမှာဆိုးတာကြောင့် စောင်မှာထားတာရောက်ပီးလို့ msgရောက်ရောက်ချင်းသူမသွားယူခြင်းဖစ်သည်
ရှရှ သွားတော့ ရပ်ကွက်လမ်းထဲမှာ လူတယောက်မှမရှိနေကာ နောက်ကနေ သူမခြေလှမ်းသံမဟုတ်တဲ့ တခြားအသံကိုကြားလိုက်တာကြောင့် အနောက်လှည့်ကြည့်လိုက်တော့ အဲ့လူပါအနောက်လှည့်သွားကာ သူမလမ်းမြန်မြန်လျှောက်လျှင်လည်း အဲ့လူပါအနောက်ကနေမြန်မြန်လိုက်လာသည်
ရှရှ ဖုန်းကိူ အမြန်ထုတ်လိုက်ကာ ဖုန်းဆက်ချငိယောင်ဆောင်လိုက်ရင်း
"ဟယ်လို အကို ညီမလေး ပါဆယ်ယူလာပီ အရမ်းလေးလို့မသယ်နိုင်ဘူး အဲ့ဒါ အကို အိမ်အောက်မှာဆင်းပီးစောင့်နေပေးပါလား""အော် အကိုလည်း အိမ်အောက်မှာ အမှိုက်လာပစ်တာလား အဲ့ဆို အကိုထွက်လာခဲ့ပါလား ညီမလေးမနိုင်တော့လို့"
သူမ ဖုန်းဆက်ချင်ယောင်ဆောင်ကာ အမြန်ပြေးတော့လည်း အနောက်က လူက အမြန်ပြေးလိုက်လာသည်
အိမ်ဟောင်းဖစ်တာကြောင့် လုံခြုံရေးမရှိတာကြောင့် သူမတက်နိုင်သမျှအမြနိဆုံးပြေးနေသော်လည်း အနောက်ကလူကလည်း မရပ်ဘဲ သူမနောက်အမြနိပြေးလိုက်လာသည်
YOU ARE READING
Dear uncle doctor🩺(Complete)
Romance*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...