"ကိုယ့်စိတ်ထဲမှာ အကောင်းဆုံးလူက ကိုယ့်မျက်စိရှေ့မှာပဲ"
လုရန် ရှရှကိုပြန်ပြောလိုက်ကာ ရှရှလက်ကိုကိုင်လိုက်သည်
"ဘယ်သူကိုထပ်ရှာခိုင်းနေတာလဲ ယွမ်ရှ မင်းကိုယ့်ကို ဘယ်သူကိုထပ်ရှာခိုင်းနေတာလဲ မင်းစကားတခွန်းတည်းနဲ့ကိုယ့်ကိုပစ်ထားခဲ့တယ် ကိုယ်ကိုအဲ့တခွန်းတည်းပြောပီးထွက်သွားတာ ကိုယ်မင်းကို ထားခဲ့နိုင်ပီး တခြားတယောက်ရှာနိုင်မယ်ထင်နေတာလား"
"ဘာပဲဖစ်ဖစ် လက်လွတ်ရမှာပဲလေ"
ရှရှ ပြောပီးနောက် လုရန်ကိုင်ထားတဲ့လက်ကိုတဖြေးဖြေးလွတ်အောင်လုပ်လိုက်သည်
"အဲ့ဒါကြောင့် ကိုယ့်ကို နာမည်ကဒ်တောင်ပြန်ပေးခဲ့တာလား"
"လုဆရာဝန် ကန်တင်းမှာ အရှေ့မှာရောက်တော့မယ် ကျွန်မ လိုက်မပို့တော့ဘူး ဒီနေ့ကလေးတွေကိုလာကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"
ရှရှ အဲ့တခွန်းတောင်ပြောပီး နောက်ပြန်လှည့်ပြေးသွားတော့သည်
-
-
-
ချန်ရှောင်ဓာတ်လှေကားကထွက်လာတော့ သူ့အိမ်မျက်နှာချင်းဆိုင်က အိမ်တံခါးကို အရင်ကြည့်လိုက်သည်ချန်ရှောင်အခုနောက်ပိုင်း သူအိမ်ပြန်ရောက်တာနဲ့အရင်မဝင်သေးဘဲ မျက်နှာချင်းဆိုင်လုရန်အိမ်က လူရှိလားမရှိလား အရင်ကြည့်တာ အကျင့်ဖစ်နေပီဖစ်သည်
တံခါးမပိတ်ထားတာကြောင့် အထဲကိုကြည့်လိုက်တော့ လုရန် ဆိုဖာပေါ်မှာထိုင်နေတာတွေ့တာကြောင့် ဝင်လိုက်ကာ တခါတည်း တံခါးပိတ်လိုက်သည်
ဆိုဖာရဲ့ အရှေ့စားပွဲပေါ်မှာ တွန့်ကြေနေတဲ့ ဘီယာဘူးခွံတွေအများကြီးတင်ထားတာကိုတွေ့တာကြောင့်
"ဘာလုပ်နေတာလဲ ဘီယာသောက်ပီး စိတ်ဖြေတက်နေပီလား"
"ဘာမှမဟုတ်ပါဘူး ဒီတိုင်းတယောက်တည်း ခဏစိတ်လွှတ်လက်လွှတ်နေချင်လို့"
"မင်းအဲ့ဆို အဲ့လိုမရဘူး"
ချန်ရှောင် လုရန်ရဲ့ အရက်ပမာဏကိူ သိတာကြောင့်
"မင်း တခါတည်း အဖြူတွေ အနီတွေနဲ့မှရမှာ မဟုတ်ရက် မူးမှာမဟုတ်ဘူး"
YOU ARE READING
Dear uncle doctor🩺(Complete)
Romance*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...