🩺Dear uncle doctor(အပိုင်း-၅၀)🩺

112 7 0
                                    

ရှရှ ရေချိုးခန်းထဲကထွက်လာတော့ လုရန် ပြန်ရောက်နေပီဖစ်ကာ ဝယ်လာတဲ့ ဖက်ထုတ်ပြုတ်ကို ပန်းကန်လုံးထဲထည့်နေလေသည်

ရှရှ အနားသွားလိုက်ကာ ဖက်ထုတ်အနံ့ကိုရှုလိုက်ရင်း
"မွှေးလိုက်တာ"

ဧည့်ခန်းထဲမှာ မီးသီးလေးပဲဖွင့်ထားကာ မီးအလင်းရောင်လေးထဲမှာ ရှရှ စားနေတဲ့ပုံစံက သိမ်သိမ်မွေ့မွေ့လေးမဟုတ်ဘဲ တခါစား ဖက်ထုတ်တခုကို ပါးစပ်ထဲထည့်နေတာကြောင့်
"ရှရှ ဖြေးဖြေးစားလေ"

လုရန် သူ့ပန်းကန်ထဲက ဖက်ထုတ် တချို့ကို ရှရှ ပန်းကန်ထဲထည့်ပေးလိုက်ကာ
"လုမစားဘူး ဖြေးဖြေးစား"

"အွန်း ရှရှ တော်ပီ ကိုကို စား"

ရှရှ ပါးစပ်ထဲမှာ ဖက်ထုတ်ပြုတ်တွေ ဝါးနေရင်းနဲ့ ဝူးဝူးဝါးဝါးပြန်ပြောလိုက်သည်

ပါးစပ်ထဲက ဖက်ထုတ်တွေက ပူနေတာကြောင့် ရှရှ ပါးစပ်ဟပီး အပူခံနေပေမယ့် လက်ကလည်း စားနေတာမရပ်သွားပေ

လုရန် ဖြေးဖြေးပဲ စားကာ ရှရှကိူ ကြည့်လိုက်စားလိုက်လုပ်နေတာကြောင့် ရှရှ နေရခက်လာသည်

ရှရှ သူမ ပန်းကန်အလွတ်ကို စားပွဲပေါ်ချလိုက်ကာ လုရန်ကိုကြည့်လိုက်ပီး
"ကိုကို ကောင်းကောင်းမစားဘဲ ရှရှကို ဘာလုပ်ဖို့ကြည့်နေတာလဲ"

လုရန် တစ်ရှူးဘူးထဲက တစ်ရှူး ၂ရွက် ၃ရွက်လောက်ထုတ်ကာ ရှရှကိုပေးလိုက်ပီးနောက်
"ဘာမှမဟုတ်ပါဘူး ကိုယ်တခြားကိစ္စတခုစဉ်းစားနေတာ"

"ဟင် ကိုကို ဘာစဉ်းစားနေတာလဲ"

"ဒီလထဲ ကိုယ်ခွင့်ယူလို့ရလား တွက်ကြည့်နေတာ ရှရှကို စန်းရ ခေါ်သွားပီး ကိုယ်မိဘတွေနဲ့တွေ့ပေးမလို့"

လုရန် ပြောနေရင်း ခဏရပ်လိုက်ပီးတော့မှ
"ရှရှ ကိုယ်မင်းကို လက်ထပ်ချင်တယ်"

ရှရှ လုရန် ပြောလိုက်တဲ့စကားကြောင့် ကြောင်သွားပီး ခဏလောက် ငြိမ်နေပီးတော့မှ
"မမြန်လွန်းဘူးလား ရှရှတို့ တွဲတာ ၆လလောက်ပဲရှိသေးတယ်"

"၆လပဲရှိသေးတာလား ကိုယ်က ကြာနေပီထင်တာ"

"လက်ထပ်မယ့်ကိစ္စမလောပါဘူး ရှရှ ငယ်ငယ်ပဲရှိသေးတာ ဒီတိုင်းပဲ မင်းကိုခေါ်သွားပီး ကိုယ့်မိဘတွေနဲ့တွေ့ပေးချင်လို့"

Dear uncle doctor🩺(Complete)Where stories live. Discover now