လုရန် ရှရှဆိုတဲ့ နာမည်ကိုကြားတာနဲ့ တကိုယ်လုံးတုန်သွားကာ ရန်ဆရာမဆီက နေ ပါဆယ်ထုတ်ကိုယူပီးကြည့်လိုက်သည်
ပါဆယ်ထုတ်အပေါ်က ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်သာပါသည်
"ရန်ဆရာမ အထဲမှာ ဘောက်ချာမပါဘူးလား"
"ခဏလေး ဒီဟာလား ရှရှ ဒီကောင်မလေး ရှေ့တခါ ဆေးရုံမှာတုန်းက ချန်ဆရာဝန်က အားဖြည့်စာတွေစားရမယ်ဆိုလို့ သူအများကြီးမှာပေးထားတာဖစ်မယ်"
"ဟုတ်တယ် ရှရှ ဆရာမအတွက်ဝယ်ပေးတာ"
ဘောက်ချာပေါ်မှာရေးထားတဲ့ အကောင့်က ရှရှ အမြဲတမ်းသုံးနေကြ အကောင့်ဖစ်ပီး သူအဲ့အကောင့်ကိုဝင်ကြည့်ဖို့ကြိုးစားပေမယ့် ဝင်တိုင်း failedပဲဖစ်နေသည်
"ရှရှ ဒီကောင်မလေး ဘယ်သွားနေတာလဲမသိဘူး နှစ်ကူးကြီးကို အိမ်လည်းမပြန်လောက်ဘူး ဒီနှစ်ကဒီလောက်အေးတာ ပိုက်ဆံရော လောက်ရဲ့လားမသိဘူး ဆရာမကို အလကား ပိုက်ဆံအကုန်ခံပီး အများကြီးဝယ်ပို့တယ် တကယ်ပဲ စိတ်ပူလို့သေတော့မယ်"
လုရန် ရန်ဆရာမပြောတဲ့စကားတွေကြောင့် သူ့ရင်ထဲတစစ်စစ်နာကျင်ရကာ ရန်ဆရာမဆီကနေ ထပ်မကြားချင်တော့တာကြောင့် အမြန်ပြန်ထွက်လာခဲ့သည်
ကျင်အန်းရဲ့ လမ်းမပေါ်မှာတယောက်တည်းလမ်းလျှောက်နေကာ အရင်ကလို သူ့လက်ကိုတွဲပီးဘေးကလျှောက်ပေးမယ့် ရှရှတော့မရှိတော့ပေ
-
-
-
မျက်မမြင်ကျောင်းမှာ နှစ်ကူးညကို ဆရာမတွေက ကလေးတွေနဲ့အတူ နှစ်ကူးညစာအတူစားကြသည်ကျောင်းကကလေးတွေက အများအားဖြင့် မိဘမဲ့တွေဖစ်ပီး လာပီးစွန့်ပစ်သွားကြတဲ့ကလေးတွေလည်းရှိသည်
"ယွမ်ဆရာမ happy new yearပါ တောင်းချင်တဲ့ဆုတောင်းမရှိဘူးလား"
သော်သော် သူမကို ချော့သိပ်နေတဲ့ ရှရှကိုမေးလိုက်သည်
ရှရှ စောင်ကို အပေါ်အနည်းငယ်ဆွဲတင်ပေးလိုက်ကာ...
"ရှိတာပေါ့ ယွမ်ဆရာမ ဒီနှစ် သော်သော် မျက်စိခွဲစိတ်ပီးတော့ ဆရာမကို မြင်နိုင်ပါစေ""ဆရာမ ဘယ်လိုသိတာလဲ လုဦးဦးက သမီး ဒီနှစ် ခွဲစိတ်လို့ရပီလို့ပြောတယ်"
YOU ARE READING
Dear uncle doctor🩺(Complete)
Romance*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...