လုရန်ဖုန်းထဲကနေ ချင်းရွယ်ကိုအကြမ်းမျဉ်းပြောလိုက်ကာဖုန်းချလိုက်သည်
ချင်းရွယ် ဘာလို့ရှရှနဲ့ လုရန် အဲ့နေရာမှာတူတူရှိနေလဲဆိုတာကိုလည်းအခုစဉ်းစားဖို့အချိန်မရှိပေ
ဖုန်းချပီးတာနဲ့ အရေးပေါ်ဌာနကိုဖုန်းဆက်ပီး ချက်ချင်းပြင်ဆင်ခိုင်းကာ တခြားသက်ဆိုင်ရာဌာနတွေကိုလည်းအကြောင်းကြားပီး အကြမ်းမျဉ်းပြောကာ ပြင်ဆင်ခိုင်းထားလေသည်
ကားအရှေ့ခန်းမှာကိုယ်ဝန်ဆောင်မိခင်ပိတ်မိနေတာကြောင့်လုရန်တံခါးကိုအတင်းဆွဲဆောင့်ကာဖွင့်လိုက်လေသည်
ဖွင့်ပီးတာနဲ့ ရှရှ သူမဆီတိုးသွားကာ ထိုင်လိုက်ပီး သူမခြေထောက်ထိခိုက်ထားတာကိူအရင်ကြည့်လိုက်ပီးမှ သူမရဲ့ဗိုက်နာကိုကပ်ကာ အရင်နားထောင်လိုက်သည်
"ရှင်မကြောက်ပါနဲ့ ဆေးရုံကားချက်ချင်းရောက်လာတော့မယ် မစိုးရိမ်ပါနဲ့ အဆင်ပြေသွားမှာပါ"
ရှရှ သူမရဲ့လက်ကို ဆုတ်ကိုင်လိုက်ကာအားပေးနေလိုက်သည်
"ကလေးလေး လှုပ်နေတုန်းပဲ ဘာမှမဖစ်ဘူး"
ရှရှ အဲ့ပုံစံအတိုင်း ဆေးရုံကားရောက်တဲ့အထိ ကိူယ်ဝန်ဆောင်မိခင်အနားမှာနေပေးသည်
ရှရှ သူမကို ဆေးရုံကားပေါ်တင်ပေးပီးနောက် အခြေအနေကိူပြောပြလိုက်သည်
"ကိုယ်ဝန်၃၂ပတ် ကလေးအခုထိလှုပ်နေသေးတယ်"
"ကောင်းပါပီ"
မီးသတ်ကား ဆေးရုံကား ရဲကားတွေနဲ့ အဲ့နေရာမှာရှုပ်နေတာကြောင့် ရှရှ သူမအဲ့နားမှာနေပီးမရှုပ်သင့်တော့ဘူးလို့ထင်ကာ လမ်းမဘေးကပလပ်ဖောင်းကိုသွားလိုက်ပီး ဘာမှဂရုမစိုက်နိုင်တော့ဘဲ အဲ့နားမှာတင်ထိုင်ချလိုက်သည်
လုရန် လူနာတွေအကုန်လုံးဆေးရုံကားပေါ်တင်ပီးမှ ရှရှနားကိုသွားလိုက်ကာ....
"အဆင်ပြေတယ်မလား"ရှရှ မတ်တပ်ရပ်ကာ ခေါင်းငြိမ့်လိုက်ပီး...
"ပြေပါတယ်"လုရန် ခုနတုန်းကတည်းကရှရှကို သတိထားမိသည်
![](https://img.wattpad.com/cover/370823426-288-k748328.jpg)
YOU ARE READING
Dear uncle doctor🩺(Complete)
Romance*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...