🩺Dear uncle doctor(အပိုင်း-၃၅)🩺

243 7 0
                                    

"နင်အိမ်အသစ်ရှာဖို့လည်းမလိုပါဘူး နင်လုရန်ဆီမှာသွားနေလိုက်လေ"

"နင်ဘာတွေလျှောက်ပြောနေတာလဲ" ရှရှ မျက်နှာနီနေလေပီဖစ်သည်

"ဘာကြောက်စရာရှိလို့လဲ နင်သွားမနေဖူးတာလည်းမဟုတ်ဘူး"

"ငါတို့၂ယောက်က သက်သက်စီနေတာ"

"ခုလည်း သက်သက်စီနေပေါ့ ချင်းရွယ် သူအိမ်ကပြောင်းသွားရင် လုရန် အဲ့ဘက်မှာသွားနေလိုက်ပေါ့ ငါကအဲ့လိုပြောတာ နင်က ဘာတွေလျှောက်တွေးနေတာလဲ"ဟုဆိူကာ ရှောင်ရှီး ရီလိုက်သည်

"ငါကဘာကိုတွေးရမှာလဲ ဘာမှမတွေးဘူးနော် နင်ကမှ သူငယ်ချင်းမပီသတာ ငါ့ကိုထားခဲ့ပီးယောကျိားယူပီ"ဟုဆိုကာ ရှရှ စားပီးသားပန်းကန်ကိုကိုင်ကာ ထလိုက်သည်
-
-
-
နောက်ဆုံးတော့ သူတို့အားလုံး ချန်ရှောင်ရှီး ပြောတဲ့အတိုင်း အိမ်ပြောင်းလိုက်ကြသည်

ချင်းရွယ်က ရှောင်ရှီးအိမ်ကိုပြောင်းကာ ရှရှက လုရန်အိမ်ကိုပြောင်းသည် လုရန်က ချန်ရှောင်အိမ်ကိုပြောင်းတာကြောင့် အဆင်ပြေလေသည်

လုရန်က လူပဲပြောင်းကာ သူ့ပစ္စည်းတွေအားလုံးသူ့အိမ်မှာပဲထားထားသည်

အကြောင်းပြချက်က ဖိန်ဆရာဝန် စာတမ်းနေခိုင်းထားလို့ အချိန်မရှိလို့ မပြောင်းရသေးဘူးပင်

ရှရှလည်း သူ့အိမ်မှာနေပီး သူပစ္စည်းတွေကိုကူပီးပြောင်းပေးလို့မဖစ်နိုင်ပေ
တကယ်လည်း လုရန်ဒီရက်ပိုင်းတွေမအားပေ

တနေ့လုံး ဆေးရုံသွားကာ ပြန်လာရင်လည်း အခန်းထဲဝင်ကာ စာတမ်းရေးနေလေသည်

ည၁၁နာရီကျော်ထိ ရှရှ လုရန် အခန်းမီးလင်းနေသေးတာကြောင့် မိုင်လိုတခွက်ဖျော်ကာ လုရန်အခန်းတံခါးကိုခေါက်လိုက်သည်

"ဝင်လာခဲ့လေ"
လုရန် လက်တဖက်က စာအုပ်အထူးကြီးတအုပ်ကိုင်ထားကာ သူမဘက်ကိုလှည့်လိုက်ပီးနောက်...
"မအိပ်သေးဘူးလား"

"ညဘက်မို့လို့ ကော်ဖီမဖျော်ပေးတော့ဘူး မိုင်လိုပဲဖျော်လာခဲ့တယ် ကိုကိုသောက်မလား"ဟုဆိုကာ ခွက်ကို စားပွဲပေါ်တင်လိုက်သည်

Dear uncle doctor🩺(Complete)Where stories live. Discover now