🩺Dear uncle doctor(အပိုင်း-၇)🩺

354 14 0
                                    

အခုခေတ် အဆင်လေးတွေငမ်းနေတဲ့ခေတ်မှာ သူရဲ့သူငယ်ချင်းကတော့ ဘယ်အဆင်မှ စိတ်မဝင်စားပေ

ရှရှဖုန်းကိုချလိုက်ပီး....
"ငါကိုနင့်လိုထင်နေတာလား ဘာအဆင်မှမကြည့် new feedကြည့်နေတာ"
"နင်ကထမင်းစားရင်း new feed ပွတ်မယ့်သူလား"
"စားစရာရှိတာကိုယ့်ဟာကိုစား ငါ့ကိုစပ်စုဖို့အချိန်ရှိသေးလို့လား ငါကြားတာကတော့ မနက်ကနင့်တို့ အရေးပေါ်ဌာနကိုလူနာတွေအများကြီးရောက်လာတယ်ကြားတယ်"
ရှရှပြောပီး သူထည့်လာတဲ့ဟင်းရည်ကို ရှောင်ရှီးဘက်ကိုတွန်းပေးလိုက်သည်

ရှောင်ရှီး ရှရှပေးတဲ့ဟင်းရည်ကိုသောက်ပီး
"ချင်းရွှယ်က တကယ်ပဲ ငါ့တို့အရေးဌာနက လူနာခေါ်နိုင်တဲ့နတ်ပဲ တကယ်ပဲ ဂျူတီထွက်ဖို့အချိန်ရောက်တာတောင်မှာ ကားတိုက်လို့ ၂စီးစာလူနာတွေရောက်လာတယ်" ရှောင်ရှီး ပြောနေတာကိုကြည့်ပီရှရှ ရီလိုက်လေသည်

ရှောင်ရှီး အပတ်တိုင်း အချိန်ဇယားပြောင်းတိုင်းမကြည့်ခင်အမြဲဆုတောင်းလေသည် ချင်းရွှယ်နဲ့မကျပါစေနဲ့လို့ ဒါမယ်အမြဲ ညဆိုင်းဆင်းရတဲ့အချိန်တွေဆို ၁၀ကြိမ်မှာ ၇ကြိမ်လောက်က သူနဲ့အတူကျလေသည်

ပြောလို့မှမဆုံးသေးဘူး ချင်းရွှယ် ထမင်းပန်းကန်ကိုင်ပီး သူတို့ဆီရောက်လာလေသည်

"ချန်ရှောင်ရှီး နင့်ကို နင့်ရဲ့အထက်လူကြီး သေချာမပြောထားဘူးလား ဆရာဝန်တွေကို ရိုရိုသေသေ ဆက်ဆံရမယ်လို့ ဘာလဲတခါလာလည်း လူနာခေါ်နတ် လူနာခေါ်နတ်နဲ့"

"ချင်းဆရာဝန်" ရှရှ အမြဲ ရှောင်ရှီးပါးစပ်ကနေ သူနာမည်အမြဲကြားဖူးပေမယ့် တကယ့်ဆေးရုံမှာအလုအဝင်မှသာမြင်ဖူးလေသည်

အရမ်းလည်းမရီးနှီးပေ လမ်းမှာတွေ့ရင် ခေါင်းငြိမ့်နှုတ်ဆက်ယုံလောက်လေးသာ....

ချင်းရွှယ် ရှရှကိုကြည့်လိုက်ပီး ချန်ရှောင်ရှီးဘက်လှည့်လိုက်ကာ...
"မင်း အရင်ကပြောဖူးတဲ့ လေဆာနဲ့မျက်စိကုချင်တယ်ဆိုတဲ့ သူငယ်ချင်းကသူလား"
"ဟုတ်တယ်လေ" လို့ပြောပီး အားမနာစွာနဲ့ပဲ ချင်းရွှယ်ပါးကန်ထဲက နံရိုးတတုံးဆွဲယူလိုက်လေသည်...
ရှောင်ရှီး ရှရှကို ကြည့်ပီး "သူဒီဆေးရုံပြောင်းလာတာမကြာသေးဘူး ဘာလဲ ချင်းဆရာဝန်က discount ပေးချင်လို့လား သူလေဆာနဲ့လုပ်ချင်တာ တော်တော်ကြာပီ ဆေးဖိုးမသက်နိုင်သေးလို့"

Dear uncle doctor🩺(Complete)Where stories live. Discover now