🩺Dear uncle doctor(အပိုင်း-၃၃)🩺

266 8 0
                                    

"မင်းအမေလာရှာတယ်ဆိုတာကို ကိုယ့်ကိုဘာလို့မပြောတာလဲ"

ရှရှ ခေါင်းကိုငုံ့လိုက်ကာ တိုးတိတ်တော့အသံဖြင့်...
"ကိုကို ကိုရှရှရဲ့ ရှုပ်ရှက်ခက်ပီး စိတ်ညစ်စေမယ့် အကြောင်းတွေကိုမပြောပြချင်လို့"

သူမရဲ့ မိသားစုက သူမမေ့ထားချင်လည်းမေ့ထားလို့မရတဲ့ အတိတ်ကဒဏ်ရာတွေဖစ်သည်
သူမ မဆက်သွယ်ပေမယ့်လည်း သူမမှာ ဒီလိုအမေနဲ့ ဒီလိုပထွေရရှိတယ်ဆိုတာကတော့ ပြောင်းလဲပစ်လို့မရတဲ့အမှန်တရားပင်

"မင်း ဒီကိစ္စက ရှုပ်ရှက်ခက် စိတ်ညစ်စရာကောင်းတာသိရက်နဲ့ ကိုယ့်ကိုမပြောပြဘူး" လုရန် စိတ်တိုလွန်းလိုအသံကအနည်းငယ်မာနေသည်

ပြောနေကား ကားက လုရန် အိမ်အောက်ကိုရောက်နေပီဖစ်တာကြောင့် ရပ်လိုက်ကာ ကားထိုင်ခုံခါးပတ်ကိုဖြုတ်လိုက်ပီး ရှရှ ဘက်ကိုလှည့်ကာ...
"ယွမ်ရှ ငါမင်းကို ဘာပြောခဲ့ဘူးလဲ အဲ့ကိစ္စတွေနဲ့ထပ်ပီး မင်းကိုမထိခိုက်စေနဲ့လို့ပြောခဲ့တယ်မဟုတ်ဘူးလား ဘာကိစ္စရှိရှိ ငါ့ကိုပြောပြလို့ပြောခဲ့တယ်လေ မင်းကရော မင်းဘာတွေစဉ်းစားနေတာလဲ"
လုရန် အသံက ပုံမှန်ထက်မာနေကာ စိတ်တိုနေတဲ့ပုံပေါ်တာကြောင့် ရှရှ ဘာပြန်ပြောရမလဲမသိတော့တာကြောင့် တောင်းပန်လေတော့သည်

"တောင်းပန်ပါတယ်" ဟုပြောတာကြောင့် လုရန် စိတ်တိုကာ စကားပင်ပြန်မပြောနိုင်တော့ပေ

လုရန် ကားတံခါးဖွင့်ကာ ဆင်းလိုက်ပီးနောက်...
"ဆင်းလာခဲ့ နှစ်ကူးရက်တွေ ဒီမှာပဲနေ အလုပ်ရက်တွေငါမင်းကိုလိုက်ပို့ပေးမယ်"

ရှရှ လုရန်စိတ်တိုနေတာကြောင့် အထွန့်ထက်မတက်ရဲတော့ပဲ လုရန်နောက်ကနေ လိုက်ပီးတော့ အိမ်ပေါ်သို့တက်လာသည်

အနောက်ကနေ သနားစရာပုံစံပေါက်နေတဲ့အပြင် ထပ်ပီးတော့မျက်လုံးကလည်းနီနေတာကြောင့် အနိုင်ကျင့်ခံထားရတဲ့ပုံပေါက်နေသည်

လုရန် ရှရှ လက်ကိုယူလိုက်ကာ လက်ချောင်းလေးတွေယှက်ကာ ကိုင်လိုက်ပီးနောက်ရှရှကိုငုံ့ကြည့်လိုက်ကာ..
"ဘာလဲ စိတ်ဆိုးပီး လူကိုအဖက်မလုပ်တော့ဘူးလား"

Dear uncle doctor🩺(Complete)Where stories live. Discover now