ချန်ရှောင်နဲ့ ရှောင်မင် ရှရှကိုလိုက်ပို့ပီးနောက် ထွက်လာကာ ချန်ရှောင် ရှောင်မင်ကိုမေးလိုက်သေးသည်
"မင်းစိတ်ထဲ မင်းအကိုနဲ့ ယွမ်ရှနဲ့ဖစ်နိုင်သေးတယ်ထင်လို့လား"
အမှန်ပြောရရင် သူရော လန်ချင်းရွယ်ရော မထင်တော့ပေ
ယွမ်ရှဆိုတဲ့ကောင်မလေးက အရမ်းစိတ်ဓာတ်မာက ခေါင်းမာသည်
လနဲ့ကြာတဲ့အထိပုန်းနေတဲ့အပြင် လုရန် သူမကိုရှာတွေ့တာတောင် အခွင့်အရေးမပေးတော့ချေ
"ရှင့်စိတ်ထဲမှာ ကျွန်မ အကိုနဲ့ ယွမ်ရှနဲ့ပီးသွားပီလို့ထင်တာလား"
ချန်ရှောင်ကားမောင်းနေရင်းနဲ့ ရှောင်မင်ကိုခေါင်းခါပြလိုက်သည်
"ကိူယ်မသိဘူး"
"ရှင်ယုံလား အကို ရှင်းကျန်းကိုထွက်သွားတာက ထွက်ပြေးသွားတာမဟုတ်ဘူး"
"ရှရှကို အချိန်တခုပေးလိုက်တာ တကယ်လို့ ၁၄လကြာပီး သူပြန်လာလို့မှ ရှရှစိတ်ထဲမှာ သူရှိနေသေးတယ်ဆိုရင် သူအစကနေပြန်လိုက်မှာ"
"ကိုယ်ယုံတာက ယုံပါတယ် ဒါမယ့် မင်းအဒေါ်ဘက်က ဒိလောက်လွယ်လွယ်နဲ့ပီးသွားမယ်လို့မထင်ဘူး"
ရှောင်မင် အဲ့ဘက်နဲ့ပတ်သက်ပီးတော့ သူမမှာ ယုံကြည်ချက်ရှိသည်
"ရှင် စိတ်မပူပါနဲ့ ကျွန်မအဖေရဲ့ ရည်ရွယ်ချက်က ကျွန်မက အိမ်ထောင်ပြုသွားဖို့ပဲ ဘယ်သူနဲ့ယူယူ ကိစ္စမရှိဘူး"
ရုတ်တရက် စကားလမ်းကြောင်းပြောင်းသွားတာကြောင့် ချန်ရှောင် ရင်တုန်သွားသည်
"မင်းအဖေ လူတော့မရိုက်ဘူးမလား"
"ရှင်ဘာကြောက်နေတာလဲ ကျွန်မ အဖေက ဒီတိုင်း ကျွန်မရီးစားရနေပီပြောလို့ ခေါ်လာပီး မိတ်ဆက်ခိုင်းတာ ရှင့်ကိုလာတောင်းခိုင်းတာမှမဟုတ်တာ"
"ကိုယ်က လာတောင်းချင်တာ"
"ရှင်ဘာပြောလိုက်တာလဲ"
"ဘာမှမဟုတ်ပါဘူး လမ်းပြ"
-
-
-
ရှရှ အခုထက်ထိ သင့်တော်တဲ့အလုပ်ရှာလို့မတွေ့သေးကာ သူမအချိန်ပိုင်းလုပ်နေတဲ့လိုင်းပေါ်က စာတမ်းရေးတာ တဖြည်းဖြည်းများလာတာကြောင့် ဝင်ငွေလည်း ဝင်တာ များလေသည်
YOU ARE READING
Dear uncle doctor🩺(Complete)
Storie d'amore*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...