"ဟယ်လို ရှရှလား အန်တီက လုရန် အမေပါ သမီး အချိန်ခဏလောက်ရှိလား"
ရှရှ စိတ်ထဲမှာ မကောင်းတဲ့ခံစားချက်ကို ရလိုက်ကာ ဖုန်းကိုင်ဆုတ်ကိုင်လိုက်ပီး...
"ဟုတ် ရပါတယ်"
*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*
လုရန် ပြန်ရောက်တဲ့အချိန်ညနေစောင်းနေပီဖစ်ကာ ရှရှ messageထဲမှာ သူမနေလို့မကောင်းတာကြောင့် အရင်ပြန်နှင့်မယ်လို့ပို့ထားလေသည်လုရန် ဟိုတယ်ပြန်ရောက်တော့ ရှရှ တယောက်တည်း ဝရံဒါမှာ မတ်တပ်ရပ်နေတာကြောင့် အနားကိုသွားလိုက်ကာ
"ရှရှ ဘယ်နားနေလို့မကောင်းလို့လဲ"လုရန်ပြောရင်း လက်တဖက်ကလည်း သူမနဖူးပေါ်တင်လိုက်ကာ စမ်းလိုက်သည်
"မဟုတ်ပါဘူး ခုနက နေပူထဲမှာ အကြာကြီးလျှောက်သွားလိုက်လို့ထင်တယ် ခေါင်းနည်းနည်းမူးနေလို့"
ရှရှ ပြုံးကာပြန်ပြောလိုက်သည်"ခုဘာမှမဖစ်တော့ဘူး"
"အဲ့ဆို ဘာလို့ဒီမှာတယောက်တည်းရပ်နေတာလဲ"
"ပင်လယ်ကအဲ့လောက်ကြည့်လို့ကောင်းလို့လား"
"အွန်း"
ရှရှ ခေါင်းငြိမ့်ပြလိုက်ကာ မျက်လုံးကအနည်းငယ်နီနေသည်"များများကြည့်သွားချင်လို့ ပြန်သွားရင်ကြည့်လို့မရတော့ဘူး"
"အရူးမလေး"
လုရန် ရှရှ ခေါင်းကိုဖွဖွလေးပွတ်ပေးလိုက်ကာ
"ပင်လယ်ကြည့်ချင်တာများ ခက်တာကြလို့ နောက်ကျရင် အများကြီးခေါ်သွားပေးမယ်"
"ခုက နိုင်ငံခြားထွက်ဖို့မလွယ်ပေမယ့် နိုင်ငံတွင်းထဲမှာလည်း လှတဲ့ပင်လယ်တွေအများကြီးရှိတယ်"
လုရန်ပြောပီးနောက် အခန်းထဲကိုဝင်ကာ
"သက်သာသွားပီဆိုရင် ကိုယ်တို့ ညစာအပြင်ထွက်စားကြမယ်လေ ညစာဘာစားချင်လဲ ပင်လယ်စာပဲစားမလား"လုရန်ပြောပီးနောက် အနောက်ကနေ ရှရှ ဖက်လိုက်ကာ ရှက်တဲ့အသံလေးနဲ့ပြောလိုက်သည်
"မစားချင်ဘူး"
"အဲ့ဆို ဘာစားချင်လဲ"
လုရန် သူ့ကိုဖက်ထားတဲ့ ခါးပေါ်ကလက်ကို အနည်းငယ် ဖြုတ်လိုက်ကာ သူမဖက်ကိုလှည့်ပီး မျက်နှာချင်းဆိုင်လိုက်သည်
YOU ARE READING
Dear uncle doctor🩺(Complete)
Любовные романы*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...