🩺Dear uncle doctor(အပိုင်း-၄၂)🩺

193 8 0
                                    

"အရင်က တက္ကသိုလ်တုန်းက အတန်းဖော် ဒီပိတ်ရက် လျှောက်သွားမလားလို့မေးတာ"

ရှရှ ပြောရင်း ဖုန်းကို စားပွဲပေါ်ပြန်ချလိုက်သည်

"ယောကျ်ားလေးလား"

"အွန်း"

ရှရှ ပြန်ဖြေလိုက်ကာ ထမင်း တလုတ်စားနေရင်းမှ ရုတ်တရက် တခုခုသတိရလာသလို ရီလိုက်ကာ
"ရှရှ အတန်းဖော်နဲ့ဆက်သွယ်တာလည်း လုဆရာဝန်ကမေးတာပဲလား"

"ကိုယ် မင်းသူငယ်ချင်းတွေနဲ့ ဆက်သွယ်တာကို မတားပါဘူး ကိုယ့်ကို ဂရုစိုက်စရာမလိုဘူး"

လုရန် သူဘာမှမဖစ်တဲ့ပုံစံနဲ့ပြန်ပြောလိုက်သည်

စိတ်ထဲမှာတော့ ရှရှရဲ့ အတန်းဖော်ကို သတိထားရမယ်လို့ အလိုလိုသိနေသည်
💭ခုမှပြန်တွေ့တာကို ခုပဲ အပြန်ထွက်ဖို့ချိန်းတယ်

ရှရှ ချန်ရှောင်ရှီးပြောတဲ့စကားကို ရုတ်တရက် သတိရသွားသည်

"လုရန်က နင့်ကိုကာကွယ်ဂရုစိုက်တာက သမီးတယောက်လိုပဲ"

ရှရှ အဲ့စကားကို သတိရသွားကာ ရယ်လိုက်မိသည်
"ခစ်ခစ်"

"ရှရှ ဘာရီတာလဲ"

"ဘာမှမဟုတ်ပါဘူး"

"အဲ့ဆို ရှရှ ပိတ်ရက်တခြားသွားစရာရှိလား ရှောင်မင်(လုရန်ဝမ်းကွဲညီမ) ပြန်လာပီမို့ ကိုယ်တို့နဲ့ ထမင်းတူတူစားချင်လို့တဲ့ တခါတည်း ကိုယ်တခြားလူနဲ့ ထမင်းမစားဘူးဆိုတာ သက်သေပြလို့ရတာပေါ့"

လုရန် ရှရှ ရှေ့တခါက သူ့ကိုစိတ်ဆိုးတဲ့ကိစ္စကိုမှတ်ထားတာ နောက်လေသည်

"ကိုကို ရှေ့တခါက အိတ်ရွေးခိုင်းတုန်းက သူမဂလာဆောင်မယ်ပြောတော့ ခုကရော သူတယောက်တည်းလာမှာလား"

"သူမဂလာမဆောင်ဖစ်ဘူး ပျက်သွားတယ် နက်ဖန်သူ့ကိုမမေးမိစေနဲ့နော်"

ရှောင််မင်တို့မိသားစုက လုရန်တို့မိသားစုနဲ့အသိုင်းအဝိုင်းနှင့်အခြေအနေသိပ်မခြားနားပေ

ရှောင််မင်နှင့် သူ့သတို့သားကလည်း မိဘချင်းမိတ်ဆက်ပေးလို့သိကာ ကောင်လေးဘက်က ရှောင်မင်ကို အလိုလိုက်ကာ တွဲနေတဲ့တလျှောက်လုံးမှာလည်း အသားမယူဘဲ မျက်နှာလောက်တောင်နမ်းတက်သည်

Dear uncle doctor🩺(Complete)Where stories live. Discover now