🩺Dear uncle doctor(အပိုင်း-၆၀)🩺

83 6 0
                                    

လုရန် ဆေးစစ်စာရွက်ကို ယူကြည့်လိုက်တော့ အားလုံးပုံမှန်ဖစ်သည်

လုရန် ဆေးစာရွက်ကို ကြည့်ပီး ကံကောင်းတာပဲလား ကံဆိုးတာလား သူမသိတော့ပေ

ဆေးစာရွက်ကို သူ့ဂျူနီယာကိုပြန်ပေးလိုက်ကာ...
"သူ့ကိုဆက်သွယ်ဖို့ဖုန်းနံပါတ်ရောမထားခဲ့ဘူးလား"

"စီနီယာ...ကျွန်တော့်ကောင်မလေးက အခုမှ ဆေးစစ်ဌာနကို ပြောင်းလာခဲ့တာပါ သူ့ကိုဒုက္ခရောက်အောင်တော့ မလုပ်ပါနဲ့"

သူတို့ ရီးစား၂ယောက် ရန်ဖစ်တာနဲ့ မရီးက သူ့ကောင်မလေးကို တိုင်လိုက်ရင်ဘယ်လိုလုပ်မလဲ

လုရန်လည်း ဆေးရုံစည်းကမ်းကို သိတာမို့ အတင်းအကြပ်မလုပ်တော့ဘဲ
"အဲ့ဆို သူပြန်လာပီး ဆေးစစ်ချက်ယူမယူဖုန်းဆက်ပီးမေးကြည့်ပေးပါလား"

"အဲ့ဒါလေးတော့ကူညီပေးပါ"
-
-
-
ရှရှ သော်သော်ကို ချီထားပီး ချော့နေလေသည်
"သော်သော် လိမ္မာတယ်နော် ဆရာမတို့ မငိုဘူးနော် ယွမ်ဆရာမကိုပြပါဦး"

"ဒဏ်ရာက သေးသေးလေး သော်သော်က ခုထိအရမ်းလှနေတုန်း"

ရှရှ သော်သော်ကိုချော့နေတုန်း ဖုန်းလာတာကြောင့် ဘယ်သူဆက်လဲမကြည့်အားကာ တခါတည်းကိုင်လိုက်သည်

"ဟယ်လို ဘယ်သူပါလဲ"

"ဟယ်လို xxxဆေးရုံကပါ အမရဲ့ ဆေးစစ်မှတ်တမ်းရပါပီ ကျေးဇူးပြုပီးလာယူပေးပါ"

ရှရှဖုန်းပြောနေတုန်း သော်သော်ကို တခြားဆရာမတယောက်က အရက်ပြန်နဲ့အနာဆေးပေးနေတာကြောင့် သော်သော် နာကာ အော်ဟစ်နေတာမို့ ရှရှ သော်သော်ကို ပုတ်ပေးလိုက်ကာ ဖုန်းဖြေလိုက်သည်

"ဟုတ်ကဲ့ ခုဆေးရုံပိတ်တော့မယ်ထင်တယ် ကျွန်မနက်ဖန် မနက်မှလာယူလိုက်မယ်"

"သူက နက်ဖန်မနက်လာယူမယ်လို့ပြောတယ်"
လုရန် ဂျူနီယာရဲ့ကောင်မလေးက လုရန်ကိုပြောလိုက်သည်

ခုနက သူမကောင်လေးဆီကနေ လုရန်တို့ရဲ့အကြောင်းကိုကြားထားတာကြောင့် ကိုယ်ချင်းစာတာမို့ ကူညီပေးချင်သည်

"ကျွန်မခုနက ဖုန်းထဲကနေ ကလေးငိုသံကြားလိုက်တယ် သူကဆရာမလား"

Dear uncle doctor🩺(Complete)Where stories live. Discover now