🩺Dear uncle doctor(အပိုင်း-၅၇)🩺

77 6 0
                                    


"ယွီကျောင်းအုပ် ကျွန်မဒီအလုပ်ကိုလိုအပ်လို့ပါ"

"ပီးတော့ ဒီကျောင်းက ကလေးတွေကိုလည်း သဘေဋကျလို့"

"ဘာလို့လဲလို့ဆရာမမေးလို့ရလား ကျင်အန်းxxxဆေးရုံကနေပီးတော့ ဒီကိုဘာလို့ပြောင်းလာချင်တာလဲ ပီးတော့...."

ယွီကျောင်းအုပ် အရင်က ဒီမိန်းကလေးလာတိုင်းလုရန်တဲ့တူတူလာနေကြဖစ်တာကြောင့် သိနေခြင်းဖစ်သည်

"ကိုယ်ရေးကိုယ်တာ ကိစ္စတခုကြောင့် အလုပ်ထွက်လိုက်တာပါ"

ရှရှ ခေါင်းအနည်းငယ်ငုံ့လိုက်ကာ သူမအတွက် မျော်လင့်ချက်မရှိဘူးဆိုတာသိတာကြောင့် မတ်တပ်ရပ်လိုက်ကာ
"အကယ်၍ ဆရာမ ကျွန်မ ဒီအလုပ်နဲ့ မအပ်စပ်ဘူးဆိုရင်..."

"ခဏလေး..."

ယွီကျောင်းအုပ် ရှရှကိုတားလိုက်ကာ
"ယွမ်ဆရာမရဲ့ တာဝန်က တနလာနေ့ကနေ သောကြာနေ့အထိ ကျောင်းကအဆောင်မှာပဲနေပီး အလုပ်လုပ်ရမယ်
ပိတ်ရက်က အလှည့်ကျလုပ်ရမယ်
အစိုးရ ပိတ်ရက်တွေကတော့ ပိတ်ဖို့မသေချာဘူး
ဒါပေမယ့် အဲ့ရက်တွေအလုပ်လုပ်ရရင် ruleအရ အိုတီကြေးရှိတယ်
တလ အစမ်းခန့်ရှိတယ်
မေးခွန်းရှိသေးလား"

"မရှိပါဘူး"

ရှရှ အခုမှ အသက်ဝဝရှုနိုင်ကာ
"ဒါပေမယ့် ကျွန်မ တောင်းဆိုစရာလေးရှိလို့"

ယွီကျောင်းအုပ် ရှရှကိုကြည့်လိုက်တော့ မျက်ဝန်းထဲမှာ စိတ်ထိခိုက် ခံစားချက်တွေရှိတာပေါ်လွင်နေသည်

"ကျွန်မ ဒီမှာရှိနေတဲ့အကြောင်းကို တခြားလူကို မပြောလို့ရလား"

တခြားလူဆိုတာ ဘယ်သူကိုပြောချင်လဲ ယွမ်ကျောင်းအုပ် ခန့်မှန်းမိတာကြောင့် လက်ထဲက ဖိုင်ကိုချလိုက်ကာ
"Cv formထဲမှာ ပါတဲ့အကြောင်းအရာကလွဲပီး ကျန်တာက မင်းရဲ့ privacyမို့ မပူပါနဲ့"

"ကျေးဇူးတင်ပါတယ်"

ရှရှ မျက်မမြင်ကျောင်းမှာပဲ နေပီး ကျောင်းက သူမအတွက် အခန်းတခန်းစီစဉ်ပေးသည်

အခန်းက တယောက်စာအတွက်ပဲဖစ်တာကြောင့် အခန်းမကျယ်ပေမယ့် ပရိဘောဂတွေကတော့ အစုံရှိသည်

Dear uncle doctor🩺(Complete)Where stories live. Discover now