🩺Dear uncle doctor(အပိုင်း-၂၇)🩺

258 11 0
                                    

"လုစီနီယာ ဘိုင်ဘိုင်"

ကော်ရဒါမှာ လုရန်ရဲ့ဂျူနီယာတွေက လုရန်ကိုနှုတ်ဆက်တော့ ရှရှ လန့်သွားကာ အမြန် လုရန်နောက်ကိုဝင်ပုန်းနေလိုက်သည်

"ဘိုင်ဘိုင်"

လုရန် ပြန်နှုတ်ဆက်လိုက်ပီးနောက် ရှရှကို မျက်စောင်းထိုးပီးကြည့်လိုက်ကာ အိတ်ကိုဆွဲယူလိုက်သည်

"ဘာသွားစားကြမှာလဲ" ရှရှ လုရန်ရဲ့မျက်စောင်းကိုတွေ့လိုက်ပီးနောက် မြန်မြန်မေးလိုက်လေသည်

လုရန် ကားမောင်းနေရင်းနဲ့မှ ဒီနေ့က ဒီဇင်ဘာ၂၄ရက်(Christmas eve)မှန်းသတိရသွားတော့သည်

ဒါကြောင့်မို့ ဒီလောက်မိုးချုပ်နေတာတောင် လမ်းပေါ်မှာ လူတွေစီကားနေပီး တချို့ကလည်း မီးတွေထွန်းကာ ဆုတောင်းနေကြသည်

ကုန်တိုက်တွေမှာလည်း လူတွေအပြည့်နှင့်စီကားနေလေသည်

"ဒီနေ့ Christmas Eve ဆိုတာ ကိုယ့်ကိုဘာလို့သတိမပေးတာလဲ"

လုရန် ကားကိုပြန်ကွေ့ကာ ကုန်တိုက်ဆီကိုမောင်းလိုက်သည်

ဒီနေ့ Christmas Eveဆိုတာကို သတိမရဘဲ သူဆေးခန်းထိုင်တာ ညမိုးချုပ်သွားတဲ့အပြင် သူမကလည်း သူ့ကိုသတိမပေးဘဲ ညသူအလုပ်ပီးတဲ့အထိထိုင်စောင့်နေပေးသည်

"မသွားနဲ့တော့ ဒီချိန်ဆို ကားပါကင်ပြည့်နေလောက်ပီ"ဟုဆိုကာ ရှရှ လုရန်ကို အမြန်တားလိုက်လေသည်

"လူတွေအများကြီးနဲ့ အဲ့ကိုသွားလိုက်လာလိုက်နဲ့ အလုပ်ရှုပ်တယ် ကျွန်မတို့လူနည်းတဲ့နေရာသွားပီးပဲတခုခုသွားစားကြရအောင်"

လူရန် ကားကိုရှေ့နည်းနည်းဆက်မောင်းလိုက်တော့ လမ်းဘေးမှာဖွင့်ထားတဲ့ဆိုင်လေးတဆိုင်ကိုတွေ့တာကြောင့် အဲ့ကိုသွားဖို့ပဲဆုံးဖြတ်လိုက်သည်

ဖက်ထုတ်ဆိုင်လေးကသေးပေမယ့် ရှရှကတော့အရသာရှိရှိနဲ့ကိုအားရပါးရစားနေသည်

ရှရှ နှာခေါင်းထိပ်မှာချွေးလေးတွေပြန်နေကာ ဖက်ထုတ်ကို တဝူးဝူးနဲ့မှုတ်ပီးစားနေတာကြောင့် မျက်နှာလေးက ပိုပီးဝိုင်းနေတဲ့ပုံစံလေးပေါ်နေလေသည်

Dear uncle doctor🩺(Complete)Where stories live. Discover now