🩺Dear uncle doctor(အပိုင်း-၂၂)🩺

249 9 0
                                    

ရှောင်ရှီး မျက်စိဌာနကိုရောက်တော့ nurseကောင်တာကနေ အကြောင်းစုံသိလားပီးနောက် လုရန်ရုံးခန်းထဲကို စိတ်တိုတိုနဲ့တံခါးကိုဆွဲဖွင့်ကာဝင်လာသည်

"ဘယ်မှာလဲအဲ့ခွေးကောင် ထန်စန်း ငါပါးရိုက်ပစ်မယ်"

လုရန် ရှောင်ရှီးပြောတာကိုကြားပီး နားထင်တွေတောင်ကိုက်လာသည်

ဒီအသံကို ချင်းရွယ်ကိုနားထောင်ခိုင်းရမှာ
"ဒီမှာ ရှရှနဲ့ ခဏနေအဖော်ပြုပေးထား"ဆိုကာ အစည်းအဝေးခန်းရှိရာသို့သွားလိုက်သည်

ထန်စန်းက ခုထိအသံကျယ်နေပေမယ့် မျက်နှာမှာတော့ထိတ်လန့်နေတဲ့ပုံပေါ်နေသည်

"မင်းမပီးနိုင်တော့ဘူးလား ငါအလုပ်တွေရှိသေးတယ် နောက်ကျသွားတဲ့အလုပ်တွေအတွက် ဆုံးရှုံးသွားရတဲ့ပိုက်ဆံတွေကိူမင်းဘယ်လိုလုပ်ပေးမှာလဲ"

"ခုနကပဲ လုံခြုံရေးရုံးကနေ အရေးပေါ်လှေကားမှာဖစ်တဲ့ကိစ္စဗီဒီယိုရလားပီ ဒီမှာ မင်းမိန်းမနဲ့သားနဲ့တူတူ ရဲလာတာကိုစောင့်နေမှာလား မင်းကိူယ်တိုင်ရဲစခန်းသွားပီးဝန်ခံမှာလား"

ချန်ကျယ်က ထန်စန်းကိုဆွဲထားကာ...
"ရဲမတိုင်ပါနဲ့ ရဲမတိုင်ပါနဲ့ သူတို့ကသားအဖတွေပါ သားအဖေတွေ နောက်ပီး စကားပြောနေကြတာပါ"

"သားအဖေတွေ" လုရန် အသံကအေးစက်နေသည်

"အဲ့ဆို အန်တီက အမေပေါ့ အန်တီကအမေဖစ်ပီးတော့ အန်တီယောကျိားက အန်တီသမီးကို အဲ့လိုနောက်တယ်ပေါ့"

ထန်စန်း မတ်တပ်ထရပ်လိုက်ကာ...
"ငါတို့ကအဲ့လိုပဲစကားပြောတာ အဲ့ဒါမင်းနဲ့ဆိုင်လို့လား အဲ့ဒါငါတို့မိသားစုကိစ္စ ဒါမှမဟုတ်မင်းလည်းအဲ့Xလေးကိုစိတ်ဝင်စားလို့လား"

လုရန် ထန်းစန်းဆီတဖြည်းဖြည်းတိုးသွားကာ မျကိလုံးကလူသတ်လို့ရရင်သေလောက်သည်

"အခု မင်းသားရှိနေတာကြောင့် ငါမင်းကိုမရိုက်ဘူး မင်းဘာပြောလိုက်လဲဆိုတာ ဒီတခန်းလုံးကလူတွေအားလုံးကြားတယ် တပါးသူကိုမဟုတ်ပဲနာမည်ဖျက်တာ ထောင်ဘယ်နှနှစ်ကျလဲဆိုတာသိတယ်မလား"

လုရန်ပြောနေတာခဏရပ်လိုက်ပီး ထန်စန်းရဲ့ရင်ဘက်ကအကျီကိုဆွဲလိုက်ကာ ခြိမ်းခြောက်တဲ့အသံနဲ့...
"မင်းရဲ့ ကုမ္မဏီစုတ်က ဘယ်လောက်တန်လဲဆိုတာသိချင်ရင်စမ်းကြည့်လိုက်"

Dear uncle doctor🩺(Complete)Where stories live. Discover now