🩺Dear uncle doctor(အပိုင်း-၃)🩺

524 17 0
                                    

"ဖုန်းပေး" လုရန် ရှရှဆီကနေဖုန်းကိုယူလိုက်သည်

"ဟယ်လို ကျွန်တော်က ယွမ်ရှကိုတာဝန်ယူထားတဲ့ဆရာဝန်ပါ ယွမ်ရှရဲ့ OCT resultထွက်လာပါပီ မျက်ကြည်လွှာထိခိုက်တာ အမြန်ဆုံး operation လုပ်ဖို့လိုအပ်လို့ ဆေးရုံကိုခဏလောက်လာပေးပါ"

"နင်တို့ရူးနေလား အဲ့လောက်ငယ်သေးတယ်ကလေးက မျက်ကြည်လွှာထိခိုက်မယ်တဲ့လား တခါတည်း ကန်းနေတယ်လို့ပြောလိုက်ပါလား လာပီးပိုက်ဆံလိမ်နေတယ်"ဆိုပီးပြောကာဖုန်းချသွားလေသည်

လုရန် တခြားလူနာတွေမှာလည်း အဲ့လိုပိုက်ဆံလိမ်တာဘာညာပြောတာတွေနဲ့ကြုံဖူးပေမယ့် ကိုယ့်ကလေးကို ဂရုမစိုက်ဘဲဖစ်ချင်ရာဖစ် ပစ်ထားတဲ့မိခင်မျိုးပထမဆုံးကြုံဖူးတာကြောင့်အံ့ဩသွားလေသည်

အဲ့လိုမှန်းသိနေ့လည်က OCT ကြိုလုပ်ဖို့ကုန်သွားတဲ့သူရဲ့အဖိုးတန်တဲ့အချိန်တွေကိုတောင်နှမြောသွားသည်လို့ တွေးနေတုန်းခေါင်းငုံ့ကြည့်လိုက်တဲ့အချိန်ငိုမဲ့မဲ့ဖစ်နေတဲ့ကလေးမလေးကိုတွေ့လိုက်ရတော့သနားသွားရလေသည်

သူအမေအဲ့လောက်အသံကျယ်တာ ဖုန်းထဲကနေ သူမ အမေပြောတဲ့အသံကိုကြားလိုက်ရမှာပင်

"ကျေးဇူးတင်ပါတယ် ဆရာဝန်ဦးဦး သမီးကိုယ့်ကိုပဲ ပိတ်ရက်အိမ်ပြန်မှ မေမေကိုပြောလိုက်ပါ့မယ်"

"ပိတ်ရက်?? အမေနဲ့ပိတ်ရက်မှတွေ့ရမှာလား ဖိန်ဆရာဝန်ရဲ့ operation အချိန်တွေကအရမ်းများတယ် တပတ်နောက်ကျသွားရင် နောက်လ နောက်လတွေဖစ်သွားနိုင်တယ် ဖစ်နိုင်ရင်အမြဲဆုံးခွဲစိတ်ဖို့လိုတယ်"

"သမီးမှာ ဖုန်းမရှိဘူး မေမေနဲ့ကပိတ်ရက်မှတွေ့ရမှာ တွေ့ဖစ်ရင်တောင်စကားပြောဖို့အခွင့်အရေးရှိချင်မှရှိမှာ"

လုရန် ဆေးကောင်တာသွားပီးတော့ဆေးစာရေးကာ ရှရှကိုပေးလိုက်သည်

"ဒီဆေးစာကိုဆရာမကိုပေးပီးတော့ အမေကိုဆက်သွယ်လိုက် အကျိုးအကြောင်းပြောပြခိုင်းပီး မင်းကိုခေါ်ပီးဆေးရုံကိုမြန်မြန်လာပြဖို့ပြောလိုက်"

ပီးတော့ခဏစဉ်းစားပီး "ငါ့ဆီကိုဖုန်းဆက်လိုက်လည်းရတယ်"

ရှရှ လုရန်ပေးတဲ့ဆေးစာကိုယူလိုက်ပီးဂရုတစိုက််နဲ့စာရွက်ကိုခေါက်ပီးအိတ်ထဲထည့်လိုက်လေသည်

Dear uncle doctor🩺(Complete)Where stories live. Discover now