🩺Dear uncle doctor (အပိုင်း-၅)🩺

393 10 0
                                    

"ရှရှ နင်ခုထိ နင့်ရဲ့ဆရာဝန်ဦးဦးကို သတိရနေတုန်းလား" ရှောင်ရှီးနဲ့ရှရှက အသက် ၁၆နှစ်ကတည်းကသိခဲ့ကြလို့ ရှရှရဲ့ဆရာဝန်ဦးဦးအကြောင်းကိုအားလုံးသိနေသည်
"၉နှစ်တောင်ရှိနေပီ ပီးတော့နင့်ရဲ့ဆရာဝန်ဦးဦး က ငါတို့ဆေးရုံကပေမဲ့ မနှစ်ကပဲ Mနိုင်ငံကဆေးရုံမှာ အလုပ်ဆင်းနေပီလေ ပီးတော့ခုက ဘယ်ခေါတ်မို့လို့ အရင်ကလို ကိုယ့်နိုင်ငံကိုပြန်လာပီး အစိုးရဆေးရုံမှာအလုပ်လုပ်ပေးမှာလဲ"

ရှရှနဲ့ ရှောင်ရှီးကတူတူကျောင်းပီးပေမယ့် ရှောင်ရှီးက ရှရှထက်အရင်အလုပ်ခွင်ဝင်ပီး nurseမလုပ်နေတာဖစ်သည်..
၂ယောက်တူတူ ရပ်ကွက်လေးတခုမှာ အိမ်တူတူငှါးနေကြသည်
ရှရှက ဘွဲ့ရပီးတနှစ်လောက်ထပ်ပီး မီဒီယာပညာနဲ့ စာတမ်းတည်းဖြတ်ရေးကိုလုပ်ပီး xxxဆေးရုံရဲ့ဆေးဖက်ဆိုင်ရာစနစ်ကိုဖြေဖို့အတွက်ပြင်ဆင်လေသည်..
ရှရှအခု အဲ့စာမေးပွဲကိုဖြေပီး xxxဆေးရုံမှာအလုပ်ရခဲ့တာဖစ်သည်....

"ငါ့အထင်တော့ ဆရာဝန်ဦးဦးက နင်ပြောသလိုလူမျိုးမဟုတ်ပါဘူး"ဆိုပီး ရှရှ ရှောင်ရှီးကိုပြန်ပြောလိုက်
သည်
အဲ့တုန်းက၁၄နှစ်အရွယ်အမှောင်ထဲရောက်နေတဲ့ကောင်မလေးကိုအလင်းရောင်ပေးခဲ့သည်
အဲ့အချိန်တုန်းကသူမလူကြောက်တတ်သည် အားငယ်တတ်သည် တယောက်တည်းဖစ်နေတဲ့အချိန်မှာ ဆရာဝန်ဦးဦးကအားပေးခဲ့သည်...
တခြားလူသာဆိုရင်သူမကို ပစ်ထားမှာ....
ခုမှပထမဆုံးတွေ့ဖူးတဲ့သူကို ကုသပေးသည် ခွဲစိတ်ပေးသည် ခွဲစိတ်မယ့်ရက်ကိူလည်း သူ့ရဲ့ပညာရေးမထိခိုက်အောင် ၇လပိုင်းထဲရောက်
အောင်တောင်းဆိုပေးခဲ့သည် ကြင်နာနွေးထွေးမှုတွေပေးခဲ့သည် အဲ့လိိုခံစားချက်မျိုး အဖေမရှိတော့တဲ့နောက်ပိုင်းတည်းကမရရှီခဲ့တော့ပေ.....

ခွဲစိတ်ပီးတဲ့နောက်ပိုင်းမှာလည်း နေ့တိုင်းဖိန်
ဆရာဝန်တူတူလာပီး စစ်ဆေးပေးသည်

နေ့တိုင်း "နေရတာဘယ်လိုနေလဲ သက်သာလား"ပဲမေးပေမယ့် သူရဲ့အသံကနွေးထွေးပီးကြင်နာသည်

ဆေးရုံဆင်းတဲ့ရက်မှာလည်း သူမတောင်းဆိုထားတဲ့အတိုင်းသူ့ရဲ့နာမည်ကဒ်ပြားလေးကိုပေးခဲ့သည်

Dear uncle doctor🩺(Complete)Where stories live. Discover now