🩺Dear uncle doctor (အပိုင်း-၁၀)🩺

280 12 0
                                    

"အဲ့ဆို နင်နောက်တခါ သွားပီး ပြင်ပဌာနမှာ သွားကူညီလိုက် ပြောလို့မရဘူး နင်လည်းတွေ့ချင်တွေ့မှာ"ဆိုပီး နောက်တယောက်ကပြောလိုက်သည်
"ဟေ့ နင်တို့မနာလိုဖစ်မနေကြနဲ့ ရှရှက အဲ့လောက်တက်ကြွတာ အရင်ကလည်း လုပ်စရာရှိရင် သူပဲအမြဲကူပီး လုပ်ပေးနေတာမဟုတ်ဘူးလား"
ရှရှ အမြန် လက်ခါလိုက်ကာ....
"အဲ့လို မပြောကြပါနဲ့ ညီမ စစချင်းရောက်တုန်းကလည်း မမတွေအားလုံးကကူပေးတာကြောင့်အဆင်ပြေခဲ့တာ ဒီလိုလုပ်မယ် နက်ဖန် ညီမ အမတို့ကို အအေးတိုက်မယ်လေ"
"တော်ပီ တော်ပီ နေ့တိုင်း အအေး‌သောက်နေရတာ ဝတယ်"
"အဲ့ဆိုကော်ဖီ‌ရော ဒါမယ့် ညီမ ဆေးရုံက ‌auto machineက ကော်ဖီပဲတက်နိုင်လို့ မမတို့ ဘယ်လိုမှသဘောမထားပါနဲ့နော်"ဆိုပီး ရှရှ ရီပီးပြောလိုက်သည်
"ရတယ် ရတယ် ပြောလို့ပြောတာ မဟုတ်ဘူး ငါတို့ဆေးရုံက ကော်ဖီကတော်တော် သောက်လို့ကောင်းတာ"

နောက်နေ့ မနက်ရောက်တော့ ရှရှ ကော်ဖီဝယ်ကာ တခွက်ပီး တခွက်အဖုံးအုပ်နေတုန်း နောက်ကနေ ...
"ဘာလို့တယောက်တည်း အဲ့လောက်ကော်ဖီအများကြီးဝယ်နေတာလဲ" ရှရှ အနောက်ကနေ ရီးနှီးတဲ့ အသံကြားတာကြောင့်လှည့်ကြည့်လိုက်သည်
"အော် လုဆရာဝန် တိုက်ဆိုင်လိုက်တာ ကျွန်မ ဌာနကလူတွေအတွက် ကော်ဖီဝယ်နေတာ" ရှရှ ပြောလိုက်ပီး ကော်ဖီတွေထဲက တခွက်ကိုယူကာ လုရန်ကိုပေးလိုက်သည်
"ရှင်ကိုလည်းတခွက်တိုက်မယ်"
လုရန် ကော်ဖီခွက်ကိုမယူဘဲ
"ဘာလို့ တိုက်တာလဲ"
"ဟိုတနေ့က ကျွန်မ ကူညီလိုက်တဲ့ ကလေးလေး လူနာရှင်က ကျေးဇူးတင်လွှာပို့လာလို့ လေ ကျွန်မတို့ဌာနက ကျေးဇူးတင်လွှာရတာ ရှားတယ်လေ အဲ့ကြောင့် အားလုံးပျော်နေကြတာ ကျွန်မ ကျေးဇူးတင်လွှာ ရတာ လုဆရာဝန်နဲ့လည်းတဝက်ဆိုင်တယ်လေ အဲ့ကြောင့် တိုက်တာ"
အဲ့တော့မှ လုရန်ကော်ဖီခွက်ကိုယူလိုက်လေပီး ခွက်ကိုကြည့်လိုက်တော့ ကော်ဖီခါးဆိုပီး ရေးထားလေသည်
"ကိုယ် ကော်ဖီ အခါးသောက်မှန်း မင်း ဘယ်လိုသိတာလဲ"
ရှရှ ခေါင်းကိုစောင်းလိုက်ပီးတော့မှ
"ကျွန်မမှန်းပီးပေးလိုက်တာ ရှင်တို့ ဆရာဝန်တွေက အမြဲ အိပ်‌ရေးပျက်တော့ကော်ဖီအခါးပဲသောက်ကြတာများတာမဟုတ်ဘူးလား ပီးတော့လုဆရာဝန်ကို ကြည့်ရတာ အချိုမကြိုက်ဘူးထင်လို့ ကျွန်မမှန်းတာမှားသွားရင် နောက်တခွက်လဲပေးမယ်လေ"
"ရတယ် မလိုပါဘူး အဲ့ဆို အားမနာတော့ဘူးနော်"ဆိုပီး လုရန်ကော်ဖီခွက်ယူပီးထွက်သွားလေသည်
ပီးမှ နောက်ကိုပြန်လှည့်ကာ
"အော် ၃လွှာရဲ့ ကော်ဖီစက်ပျက်နေလို့ ကျေးဇူးပြုပီး ပြင်ဖို့ အကြောင်းကြားပေးပါဦး"
"ဟုတ်ကဲ့"
အဲ့ဒါကြောင့် သူ တလွှာကိုဆင်းလာပီး ကော်ဖီလာဝယ်တာကိုး....

Dear uncle doctor🩺(Complete)Where stories live. Discover now