ရှရှ မျက်မမြင်ကျောင်းနဲ့ အနီးအနားမှာရှိတဲ့ ကုန်တိုက်ထဲကကိုရီးယားဆိုင်ကိုရွေးလိုက်သည်
"ဒီကုန်တိုက်မှာကားပါကင်ရှိတယ် ရှင် ကားရပ်ရတာအဆင်ပြေတယ် ပီးတော့ ဒီဆိုင်က ထမင်းသုတ်ကစားလို့ကောင်းလို့ food bloggerတွေကြေညာတာတွေ့လိုက်တယ် ပီးတော့ ကျွန်မကြည့်လိုက်တာ ဒီအချိန်က လူတန်းစီစရာမလိုဘူး"
ခုက ကိုဗစ်ကြောင့်ပိတ်ရက်မှာ လူတွေက အရင်လောက်မရှိပေ စားသောက်ဆိုင်တော်တော်များများတန်းစီစရာမလိုပေ ....
စားသောက်ဆိုင်အပေါက်ဝမှာ ကြိုဆိုနေတဲ့ ဝန်ထမ်းက သူတို့လာတော့ တခါသုံး အယ်ကိုဟော တရှူးပေးသည်ရှရှမှာ သူ့မမသိစိတ်ကနေ ကိုယ့်ကိုကာကွယ်နေတဲ့ အပြုအမူတွေတွေ့ရတာကို လုရန်သတိထားမိသည်
ဥပမာ ခုလို ၄ယောက်ထိုင်လို့ရတဲ့စားပွဲမှာဆိုရင် သူမက သူ့ရဲ့ မျက်နှာချင်းဆိုင်ရဲ့ဘေးကခုံမှာထိုင်သည် လမ်းလျှောက်ရင် သူ့ထက်နည်းနည်းကွာကာ နောက်နည်းနည်းဆုတ်ပီးမှလျှောက်သည် ကားပေါ်မှာထိုင်ရင်လည်း ကားတံခါးနားမှာတိုးထိုင်သည် သူမကို ကြည့်ရတာ ထိတ်လန့်လွယ်တယ်လို့ခံစားရတယ် ဒါမယ့် သူမ အဲ့လိုခံစားနေရပေမယ့် ဘာမှမဖစ်သလိုပုံစံမျိုးနဲ့ဟန်ဆောင်ပီးနေသည်
ဒါပေမယ့် အစားအစာက သူမရဲ့စိတ်ကို သက်သာစေတာ လုရန်သတိထားမိသည်
ဥပမာ သူမကြိုက်တဲ့ အစားအစာစားရရင် မျက်နှာမှာ စိတ်ပျော်စေတဲ့ ပုံကိုတွေ့ရတယ်သူမရေညှိမကြိုက်တာကြောင့်စားနေရင်းနဲ့ ရေညှိကိုတခုချင်းစီဖယ်နေရတာကြောင့်သူမကိုအစားအသောက်ပျက်စေသည်
စိတ်ပါဝင်စားစွာနဲ့ တခုချင်းစီရွေးပီး ထုတ်နေတာက ချစ်ဖို့ကောင်းတယ်လို့ထင်မိသည်လုရန်စားပီးတော့ ဘေရှင်းလိုက်ကာ ထွက်လာတော့ ရှရှက ပိုက်ဆံပြန်ပေးတာကိုတားလိုက်ကာ..
"ကိုယ်က မင်းကို ကူညီဖို့ခေါ်ထားတာ လခပေးဖို့မရှိပေမယ့် ထမင်းကတော့ကိုယ်ရှင်းမယ်လေ"
ရှရှလည်း ပြန်ပေးဖို့မကြိုးစားတော့ပဲ ကားရပ်ထားတဲ့ဆီကိုသွားလိုက်သည်ပစ်ကကျူး အရုပ်ဝတ်ထားတဲ့ ဝန်ထမ်းတယောက်က ဆိုင်ရှေ့မှာ လက်ကမ်းစာစောင်ဝေနေကာ..
"ဒီနေ့ ဒစ်စကောင့်ရှိတယ်နော် blind boxတဝက်စျေး အထဲဝင်ကြည့်ပါလား"
ရှရှ အထဲကိုကြည့်လိုက်တော့blind boxတွေအများကြီးတန်းစီပီးတင်ထားတာကိုတွေ့လိုက်သည် ရှရှလည်း အထဲဝင်လိုက်ပီး ကြည့်လိုက်သည်
blind boxက ခုတလော တော်တော်လေးနာမည်ကြီးလာသည်
လူငယ်တွေသာမက ကလေးတွေပါကြိုက်ကြသည်
"တခုလောက်ဝယ်မလား"လုရန် သူမအနောက်ကနေပြောလိုက်သည်
ရှရှခေါင်းခါလိုက်ကာ...
"စျေးအရမ်းကြီးလွန်တယ် ဒီအရုပ်ဘူးလေးတဘူးကိုအရမ်းစျေးကြီးတာ ပီးတော့ ကိုယ်ကြိုက်တာရဖို့ကလည်းမသေချာဘူး"
သူမ Journey of the Forbidden City catဆိူတဲ့ blind boxလေးကို ကြည့်နေတာတွေ့လိုက်သည်
"တခုနဲ့တခုမတူဘူးလား"
"မတူဘူး ဘူးတခုချင်းစီမှာ မတူတဲ့အရုပ်လေးတွေပါတယ် ပီးတော့ limitနဲ့ထုတ်ထားတဲ့အရုပ်လေးတွေလည်းပါတက်တယ်"
လုရန်တဘူးယူလိုက်ကာ လှုပ်ကြည့်လိုက်ပီးနောက်..
"တဝက်စျေးချထားတာမဟုတ်ဘူးလား တခုလောက်ရွေးပီးမဖွင့်ကြည့်ဘူးလား"
ရှရှ လုရန် လက်ထဲကဘူးကိုစင်ပေါ်ကို ပြန်တင်လိုက်ကာ...
"အဲ့ဒါတွေက ပိုက်ဆံရှိတဲ့ကလေးတွေပဲဝယ်တာ ကျွန်မနဲ့မတန်ဘူး"
ဒါမယ့် သူမမျက်လုံးက အဲ့ဒီJourney of the Forbidden City catဆိုတဲ့ blind boxလေးဆီမှာပဲရှိနေပီး နောက်ဆူံးဆုံးဖြတ်ချက်ချကာ အဲ့နေရာကထွက်သွားလေသည်
လုရန် ရှရှကြည့်နေတဲ့ blind boxကို ဓာတ်ပုံရိုက်လိုက်ပီးမှဆိုင်မှထွက်သွားသည်
YOU ARE READING
Dear uncle doctor🩺(Complete)
Romance*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...