🩺Dear uncle doctor(အပိုင်း-၁၃)🩺

288 9 0
                                    

"သူကလမစေ့ဘဲမွေးလာတဲ့ကလေးလေ သေချာစစ်ဆေးမှုတွေမပြုလုပ်ခဲ့တာကြောင့် အမြင်အာရုံပျက်စီးတာကိုတွေ့တဲ့အချိန်မှာ ကုသမှုကာလကိုကျော်သွားပီ"
လုရန်ကားရှေ့သွားတာကားတံခါးဖွင့်လိုက်ပီး...
"နောက်ပိုင်းကျတော့ ကုသစရိတ်စျေးကြီးတာကြောင့် မိဘတွေက စွန့်ပစ်လိုက်တာ"
"စွန့်ပစ်လိုက်တာ"
မျက်မမြင်ကျောင်းကကလေးတွေကအများအားဖြင့် မိဘမဲ့တွေပေမယ့် ရှရှ အဲ့စကားကိုကြားတဲ့အခါမှာ ရှရှကိုရင်နာစေတယ်
"သူ့ရဲ့မျက်လုံးကြောင့်စွန့်ပစ်လိုက်တာလား"
"အဲ့တုန်းက သော်သော်မှာ လမစေ့ဘဲမွေးလာတာကြောင့် အဲ့ဒါအပြင်တခြားရောဂါတွေပါရှိသေးတယ်"
လုရန်ကိုယ့်ကြည့်ရတာ ဒီလိုကိစမျိုးတွေအမြဲကြုံနေရတာကြောင့် သူအသံကတည်ငြိမ်နေသည်
"ဒါမယ့် အခုသော်သော်မှာ တခြားရောဂါတွေမရှိတော့ဘူး မျက်စိပဲကျန်တော့တယ် ခုမျက်စိကအလင်းအနည်းငယ်မြင်ရနေပီ"
"အဲ့ဆို သော်သော်ရဲ့မျက်စိကကုလို့ရသေးတာလား"
"သူ့မျက်လုံးအခြေအနေကထူးခြားတာကြောင့် ခွဲစိပ်ဖို့အခြေအနေမကောင်းဘူး ခွဲလိုက်ရင်မကောင်းတာတွေဖစ်လာနိုင်လို့ ခုလောလောဆယ်တော့ ခွဲစိပ်လို့မရသေးဘူး"
လုရန် အသေးစိတ်မပြောတော့ဘဲ အကြမ်းမျဉ်းတာပြောပြလိုက်သည်
"ဒါပေမဲ့ သော်သော်က တနေ့သူမျက်စိပြန်မြင်လာဖို့အတွက် အရမ်းအားသန်တယ်"
"အဲ့ဆို ရှင်နောက်တခါ ဒီကိုလာပီးစစ်ဆေးပေးရင် ကျွန်မရော လိုက်လာလို့ရလား" ရှရှပြောပီးမှ လုရန်နဲ့အရမ်းရီးနှီးသလိုပြောလိုက်မိတာကြောင့်
"တောင်းပန်ပါတယ် ကျွန်မကဒီတိုင်း ကလေးတွေကို လာခဲ့မယ်လို့ ကတိပေးထားလို့"
"ရတာပေါ့ မင်းနဲ့ကလေးတွေနဲ့ဆက်ဆံရေးက အရမ်းကောင်းတယ် ဒီနေ့ ကျေးဇူးပဲနော်"
ရှရှ ကားပြတင်းပေါက်အပြင်ဘက်ကိုကြည့်ကရှုခင်းတွေကိုကြည့်လိုက်ပီး "အရောင်မျိုးစုံနဲ့ရှူခင်းတွေကဘယ်လောက်လှလိုက်လဲ ကလေးတွေကိုမျက်စိပြန်
မြင်စေချင်တယ်"
"ခုခေတ်ကဆေးပညာတွေတိုးတက်လာပီ အရင်ကမကုသနိုင်တဲ့ရောဂါတွေကိုလည်းတဖြည်းဖြည်းနဲ့ကုသလာနိုင်နေပီလေ သူတို့ဆက်လျှောက်ကမယ့်လမ်းကအရှည်ကြီးကျန်သေးတယ် မျော်လင့်ချက်ရှိရင်ဖစ်နိုင်တယ်"
လုရန်ပြောနေတာကိုခဏရပ်လိုက်ကာ....
"မင်းကိုကြည့်ရတာလည်း ဒီကိစနဲ့ပတ်သက်ပီး စိတ်ဝင်စားသလိုပဲ တခြားသူတွေထက်လည်းတော်တော်လေးသိသလိုပဲ အထူးတလည် လေ့လာထားတာလား"
ရှရှ သူမရဲ့မျက်မှန်ကိုကိုင်လိုက်ပီးမှ...
"အွန်း မျက်စိဌာနအတွက် စာတမ်းရေးတုန်းက ရှာပီးလေ့လာထားတာ"
"ဟုတ်လား ဒါပေမယ့် ဟိုနေ့က ပြင်ပဌာနတုန်းကလည်း လူနာရဲ့ အခြေအနေတချို့ပဲသိပီးတော့ လူနာအခြေအနေကိုချက်ချငိးသိတယ် ကိုယ်တို့ဌာနက အသစ်ဝင်လာတဲ့ nurse တွေတောင်မသိဘူး"
"မဟုတ်ပါဘူး ကျွန်မလည်း ကြက်ကန်းဆန်အိုးတိုးသွားတာ လုဆရာဝန်ကျွန်မကို လျှာရှည်တယ်လို့မထင်ရင်ရပါပီ"
"ဆေးရုံမှာက အချို့သော ရောဂါရှာဖွေမှုကလည်းဒုက္ခရောက်နေသည့်အရာများကို တွေးရုံဖြင့် အသက်ကို ကယ်တင်နိုင်တယ်"

Dear uncle doctor🩺(Complete)Where stories live. Discover now