🩺Dear uncle doctor(အပိုင်း-၁၄)🩺

309 9 0
                                    

ဒီနေ့ကြည့်တဲ့ရုပ်ရှင်က စိတ်ဝင်စားဖို့မကောင်းပေ ရှရှ ဘေးဘက်တွေလိုက်ကြည့်လိုက်တော့ မိသားစုလိုက်လာပီးကြည့်တာ အတွဲတွေလာပီးကြည့်ကြတာများလေသည် သူမတို့လိုမျိုး တခုံခြားထိုင်တဲ့လူသိပ်မရှိပေ
ဒါပေမယ့်‌ကိုဗစ်အခြေအနေကြောင့် ခုံခြားထိုင်တာတွေရှိလို့ သူတို့၂ယောက်အဲ့လိုထိုင်တာ သိပ်ပီးမထူးဆန်းပေ
သူမ လုရန်ကိုကြည့်လိုက်တော့ ခြေထောက်ကိုချိတ်ထားပီး ခြေထောက်ပေါ်မှာဖုန်းကိုလှည့်နေလေသည် ကြည့်ရတာသူလည်းရုပ်ရှင်ထဲ စိတ်ဝင်စားမှုမရှိပေ
သူကိုကြည့်ရတာ ရုပ်ရှင်ကြည့်ရတာ ကြိုက်တဲ့ပုံမပေါ်ပေ မကြိုက်ဘဲဘာလို့ ရုပ်ရှင်ကြည့်ရအောင်လို့ပြောလည်းနားမလည်ပေ
ဒါမှမဟုတ် ရှောင်ရှီးပြောသလို သူမနဲ့ တူတူ ချိန်းပီးရုပ်ရှင်ကြည့်ချင်လို့များလား
🤯ယွမ်ရှ နင်သတိလည်းထားဦး မိုးလင်းကြီးကို ဘယ်လိုလုပ် အိမ်မက်ထိုင်မက်နေတာလဲ လုဆရာဝန်လိုလူမျိုးက ဘယ်လိုလုပ်ပီး နင့်အပေါ် စိတ်ရှိမှာလဲ နင်က သူရဲ့ထောင်ပေါင်းများစွာသောလူနာတွေထဲကမှတယောက် နင့်ကိုမှတ်မိတာတောင်မဟုတ်ဘူး ခု စကားပြောနေတာကလည်း ဒီတိုင်းလုပ်ဖော်ကိုင်ဖက်မို့လို့ပြောနေတာ သိပ်ပီးတော့စဥ်းစားမနေနဲ့ ဆိုပီးကိုယ့်ကိုသတိပေးလိုက်သည်

ရုပ်ရှင်ရုံကထွက်လာပီးနောက်...
"လုဆရာဝန် ကျွန်မလုပ်စရာရှိသေးလို့ပြန်နှင့်‌တော့မယ်နော်"
"ခဏလေး မင်းအခုအချိန်ရှိသေးလား အကူအညီတခုလောက်တောင်းချင်လို့ ကိုယ့်မှာ ညီမဝမ်းကွဲရှိတယ် မဂလာဆောင်တော့မှာ အဲ့ဒါ အိတ်ဝယ်ခိုင်းလို့ ကိုယ့်လည်းမိန်းကလေးတွေဘယ်လိုပုံစံမျိုးကြိုက်တက်လဲမသိတော့ မင်းမှာအချိန်ရှိသေးရင် ကိုယ်နဲ့ အောက်လိုက်ခဲ့ပီး လိုက်ရွေးပေးပါလား"
"ဒါပေမယ့် ကျွန်မလည်း သိပ်နားမလည်ဘူး"
ရှရှက ပုံမှန် ပိတ်အိတ်၂လုံးကိုပဲ လှည့်ပီးကိုင်လေ့ရှိသည်
ပုံမှန် မိန်းကလေးတွေဘယ်လိုအိတ်ကိုင်လဲသူမလည်းသိပ်ပီးနားမလည်ပေ
"မင်းတို့ အသက်သိပ်မကွာဘူး မင်းကြိုက်တာရွေးပေးရင်ရတယ် ကိုယ်လည်း တခြား သူနဲ့ အသက်အရွယ်တူတဲ့ မိန်းကလေးသူငယ်ချင်းမရှိလို့ မင်းကိုပဲ အကူအညီတောင်းရတာ ကူညီပေးပါဦးနော်"
"အဲ့ဆိုလည်း လိုက်ရွေးပေးပါ့မယ်" ရှရှက ပုံမှန်အကူအညီတောင်းလျှင်ငြင်းလေ့မရှိပေ ပီးတော့ ခုအကူအညီတောင်းတဲ့ သူက လုရန်ဖစ်တာကြောင့်ပိုပီးတော့မငြင်းချင်ပေ

Dear uncle doctor🩺(Complete)Where stories live. Discover now