ရှရှသူရဲ့အရုပ်ကလေးကို ကုတင်ရဲ့ခေါင်းရင်းမှာတင်ထားလိုက်လေသည်
နောက်နေ့ကြတော့ သူမရဲ့ weibo profileကို အဲ့အရုပ်ကလေးကိုရိုက်ပီးထားလိုက်သည်ရှောင်ရှီးကလည်းတကူးတကလာမေးလေသည်
"နင်ဘယ်တုန်းကဝယ်လိုက်တာလဲ တခါတည်းထျန်းမာလေးရတယ်"ရှရှလည်း ရှောင်ရှီးကိုမဖုံးကွယ်ထားပဲအမှန်အတိုင်းပြောလိုက်သည်
"ဝယ်တာမဟုတ်ဘူး လုဆရာဝန်ပေးတာ ပြောတာတော့ ထမင်းသွားစားတုန်းကဆိုင်ကလက်ဆောင်ပေးတာတဲ့"ရှောင်ရှီး ဘာမှမပြောတော့ဘဲ လုဆရာဝန်က အလကားပေးတယ်ဆိုတော့လည်း ပေးတယ်ပေါ့ ရှရှပျော်ရင်ပီးတာပါပဲ
ညနေရုံးဆင်းချိန်ရောက်တော့ ကျန်းတာဝန်ခံရောက်လာပီး....
"ရှောင်ယွမ်(ရှရှ) မျက်စိဌာနကိုသွားပီးလေ့လာလိုက်ဦး ငါတို့ တက်နိုင်တလောက် ဌာနအားလုံးရဲ့ဆေးသက်ဆိုင်ရာနည်းပညာတွေကိူနားလည်အောင်လုပ်ရမယ် အဲ့ဒါမှငါတို့ကြေညာတဲ့အခါမှာ အသုံးဝင်မှာ ဒီလိုလုပ်လိုက် ငါ မျက်စိဌာနကိုအကြောင်းကြားထားပေးမယ် နင်သွားလိုက်ပီး နားမလည်တာရှိရင်ချက်ချင်းမေးလိုက်"ရှရှ မှတ်စုစာအုပ်နဲ့ဘောပင်ကိုင်ကာထလိုက်ပီး..
"ဟုတ်ကဲ့ ကျွန်မအခုသွားလိုက်ပါ့မယ်"ရှရှ ရောက်တော့ နေ့လည်စားချိန်ပေမယ့် လူနာတွေကအခုထိရှိနေတုန်းပင်
ရှရှ အရင် ကောင်တာကိုသွားလိုက်ပီး ခွဲစိတ်မယ့်အချိန်အသေးစိတ်ကိုနားလည်အောင်အရင်သွားမေးလိုက်သည်"နေ့လည် ၃နာရီကြရင် လုဆရာဝန်တာဝန်ယူထားတဲ့ခွဲစိပ်မှုတခုရှိတယ်"
ရှရှ လုရန်ရှတဲ့အခန်းကိုကြည့်လိုက်တော့ အခုထိ လူနာနံပါတ်ခေါ်နေတုန်းပင်
ရှရှ ကောင်တာက nurse ကိုမေးလိုက်လေသည်"လုဆရာဝန် လူနာဘယ်နှယောက်ကြည့်ဖို့ကျန်သေးတာလဲ"
"၈ယောက်လောက်ကျန်သေးတယ်"
ရှရှ စာအုပ်နဲ့ဘောပင်ကို ကောင်တာမှာခဏတင်လိုက်ကာ
"ကျွန်မဒီမှာ ခဏတင်ထားမယ်နော် ပီးရင်ပြန်လာယူမယ်"ဆိုပီးပြောကာ
အောက်ကိုမြန်မြန်ဆင်းသွားလိုက်လေသည်
YOU ARE READING
Dear uncle doctor🩺(Complete)
Romance*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...