(Punishment type ပါ...ထပ်ပြောပါမယ်။ Punishment (အပြစ်ဒဏ်)ပုံစံပါ)
ကုတင်ထက်မှာ ကုတ်ကုတ်ကလေးထိုင်နေသည့် တစ်ယောက်ကို သူမျက်၀န်းမှေးစွာဖြင့် ငေးကြည့်လိုက်သည်။
ဒေါသထွက်နေတာကြောင့် အံကြိတ်မှုတွေ။
အကြောင်းပြချက်က ကျွန်တော့်စကားကို နားမထောင်လို့။
ငိုရှိုက်သံလေးက သံစဥ်တစ်ခုလိုဘဲ။ ချိုမြိန်နေတယ်...ခံစားလို့ကောင်းတယ်။ယစ်မူးဖွယ်။
ထိုင်နေရင်းမှထကာ ကျန်ရှိနေသည့် ၀ိုင်ကို ယူကာမော့သောက်လိုက်ပြီး ကြမ်းပြင်ထက်တွေ ဖန်ခွက်ကို အားပြင်းစွာနဲ့ ရိုက်ခွဲပစ်လိုက်သည်။
ခွမ်းးးး
တိတ်ဆိတ်နေသည့် အခန်းထဲက ဖန်ကွဲသံ။
"ဟင့်..."
ကြောက်စိတ်ကြောင့် ပိုကြားလိုက်ရသည့် ရှိုက်သံလေး။
"မငိုနဲ့လို့ပြောထားတယ်မလား။မင်းကို အဲ့မျက်ရည်တွေကျခိုင်းနေလား။Kim Taehyung"
ခပ်ရှရှအသံနဲ့အတူ ကုတင်ထက်က ကိုယ်လုံးလေးဟာ စောင်တွေနဲ့လုံးထွေးရင်း နောက်သို့ဆုတ်သွားသည်။ခေါင်းကလည်း တစ်တွင်တွင် ယမ်းခါလျက်။
အောက်နှုတ်ခမ်းလေးဟာ ငိုချင်စိတ်ကြောင့် တစ်ချက်တစ်ချက် မဲ့ကျသွားတတ်သည်။မျက်ရည်စတွေနဲ့ ကြောက်လန့်နေတဲ့ မျက်၀န်းလေးက...ဟားး ဒီကောင် Jeon Jungkook ရုန်းမထွက်နိုင်တာဘဲ။
ဗီရိုအောက်ဆုံးထက်က ကြိမ်လုံးတစ်ချောင်းကိုထုတ်ယူလိုက်ပြီး လေထဲတွင် ၀ေ့ယမ်းလိုက်ရင်း။
"Jungkook...ဟင့်..."
"ကိုယ်အမုန်းဆုံးက ဘာလဲသိလား...မင်းကိုယ့်စကားကို နားမထောင်တာရယ်။ လိမ်တတ်တာရယ်။ ကိုယ်သိပ်မုန်းတယ်။မင်းအကျင့်တွေ အပိုးကျိုးနေအောင် ပြင်မှာ..."
"ကျွန်တော်လိမ်တာမဟုတ်ပါဘူး...ဟင့်..ကျွန်တော်"
"တိတ်စမ်း...မျက်ရည်ကျခွင့်ပေးနေလား...ကိုယ့်ခွင့်ပြုချက်မပါဘဲ ငိုလို့ရနေလား...အင်္ကျီချွတ်လိုက်...ကျောပေါ် ငါးချက်ဘဲ ရိုက်မယ်...ရုန်းရင် လက်ကာရင် နှစ်ဆ..."
YOU ARE READING
Espresso
FanfictionEspresso တစ်ခွက်လိုဘဲ သူကခါးသက်လွန်းတယ်... Kim Taehyung တစ်ယောက်တည်းပေါ်ဘဲ မနူးညံ့တတ်တာ... Note - Jungkook Character သည် Black flag အဆင့်ဖြစ်ပြီး အတ္တကြီးသည့် ပုံစံမျိုးဖြစ်တာကြောင့် ကိုယ်က Character sensitive ဖြစ်သူဆို ရှောင်လို့ရပါတယ်... Jeon Jung...