Unicode
အခန်းထဲက ကုတင်အောက်တွင် ထိုင်ကာ ဒူးပေါ် လက်ကလေးပိုက်ထားရင်း မျက်နှာငယ်လေးဖြင့် Taehyung မှာ တစ်စုံတစ်ယောက်ကိုမျှော်လင့်နေသလိုမျိုး။
အပြင်ဘက်မှာ မှောင်စပြုနေသလို နဂိုထက်ပို၍ အေးစိမ့်လာလေတာက စိတ်အစဉ်နဲ့ ထပ်တူပင်။
တစ်နေကုန်အခန်းထဲတွင် ထည့်ပိတ်ခဲ့တာက ကြောက်ရွံ့ခြင်းကို ပို၍ ဖြစ်ပေါ်စေပြီး မျက်ရည်စလေးတွေဟာလည်း ခမ်းခြောက်နေဖို့ ခက်ခဲလေသည်။ အပြင်မှာ တိုက်ခတ်နေသည့်လေစိမ့်လေးတွေက လိုက်ကာစလေးတွေကို ဖြတ်ကျော်ကာ ကျွန်တော့်စီကို ရောက်လာလေတော့ နွေးထွေးမှုကို ရှာဖွေနိုင်စွမ်းလည်းမရှိသည်မို့ ငေးကြည့်ကာဖြင့်စောင့်နေမိသည်။
ရေဓာတ်ခမ်းခြောက်မှုကြောင့် နှုတ်ခမ်းလေးဟာ ခြောက်ကပ်နေလျက်ရှိပြီး မျက်ဝန်းစလေးတွေဟာ စိုနေသလို မို့တက်နေခြင်းကြောင့် တစ်ဆက်တည်း ခေါင်းဟာလည်း ကိုက်နေလျက်ရှိသည်။ အပြင်မှာလည်း မှောင်သလို အိမ်ပြန်ချင်နေတာမို့ ယခုတွင် မျှော်နေမိတာက Jungkook ကိုပင်။ သို့ပင်မဲ့ မျှော်နေသူဟာ တစ်နေကုန်လုံး အခန်းထဲထည့်ပိတ်ထားပြီးပျောက်နေခြင်းကြောင့် ကြောက်ရွံ့စိတ်ရော ဝမ်းနည်းစိတ်ဟာ တစ်ထပ်တည်းကျနေခဲ့တာဖြစ်ပေသည်။
လက်လေးနှစ်ဖက်ကို ပွတ်သပ်ရင်း မျှော်ကြည့်နေမိတာက ရူးမိတော့သလိုမျိုး။ တိတ်ဆိတ်နေခြင်းက ပို၍ ဝမ်းနည်းစရာကောင်းသည်။
ရုတ်တရက်တံခါးဖွင့်သံကြောင့် ဆတ်ခနဲဖြစ်သွားရင်ကြည့်လိုက်မိသည်။ သူဝင်လာတာ။ မနက်က အဝတ်အစားတွေနဲ့ဆိုပင်မဲ့ သူ့မျက်နှာက မနက်ကလောက် လန်းဆန်းမနေတာ ကျွန်တော်သတိထားမိလိုက်သည်။ တစ်ဆက်တည်း သူလာတာဖြစ်လို့ ထိုင်နေရင်းမှ နံရံဘက်သို့ တွန်းထိုင်လိုက်မိသည်။
အခုတွင် သူက ကုတင်ထက်တွင် ဝင်ထိုင်လိုက်တာမို့ နံရံကိုကပ်ထိုင်နေသည့် ကျွန်တော်နဲ့ သူဟာ မျက်နှာချင်းဆိုင် ဖြစ်သွားလေသည်။ စိုက်ကြည့်နေခြင်းကြောင့် မနေတတ်စွာဖြင့် မျက်လွှာချမိလိုက်သည်။ စူးရှမှုတွေနဲ့ ရဲတင်းရီဝေနေသည့် အကြည့်တွေကို ကျွန်တော်မခံနိုင်ပေ။
YOU ARE READING
Espresso
FanfictionEspresso တစ်ခွက်လိုဘဲ သူကခါးသက်လွန်းတယ်... Kim Taehyung တစ်ယောက်တည်းပေါ်ဘဲ မနူးညံ့တတ်တာ... Note - Jungkook Character သည် Black flag အဆင့်ဖြစ်ပြီး အတ္တကြီးသည့် ပုံစံမျိုးဖြစ်တာကြောင့် ကိုယ်က Character sensitive ဖြစ်သူဆို ရှောင်လို့ရပါတယ်... Jeon Jung...