Unicode
ကြမ်းခင်းအညိုရောင်လေးတွေက အေးစက်စက်ရှိနေလေပြီး နေရောင်ခြည်ကျနေသည့် နေရာကွက်ကြားလေးတွေကတော့ နွေးနေသည်။ အိပ်ရာနှိုးကာစ သက်ပြင်းရှိုက်သံအတူ စောင်နွေးနွေးလေးကြားထဲကနေ ထထိုင်လိုက်ပြီး ခြေထောက်ကို ကြမ်းပြင်ပေါ်သို့ ချလိုက်တော့ အေးသွားခြင်းကြောင့် ခန္ဓာကိုယ်လေးဟာ တွန့်ခနဲပါပင်။
သို့ပင်မဲ့ ခြေအိတ်ဖြူဖြူလေး ဝတ်ထားခြင်းကြောင့်နောက်တစ်ခေါက်တော့ ကြမ်းပြင်ပေါ်သို့ သေချာချလိုက်ပြီး ညောင်းနေသည့် ခန္ဓာကိုယ်ကြောင့် အကြောဆန့်လျက် ထရပ်လိုက်သည်။ ထို့နောက် ပွရူပ်နေသည့် အိပ်ရာခင်းကို သိမ်းခေါက်လိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်ကာ ရေနွေးနွေးလေးဖြင့်ရေချိုးလိုက်သည်။ မနက်ခင်းအိပ်ရာထချိန်ရေချိုးလိုက်ခြင်းက တစ်နေကုန်အတွက်ပါ လန်းဆန်းစေချင်ကြောင့် Taehyung အတွက် အကျင့်တစ်ခုဖြစ်နေလေပြီ။
Taehyung အတွက် အဝတ်အစားဝတ်ခြင်းက စတိုင်ကျခြင်းတစ်ခုမို့ အဝတ်လဲခန်းထဲသို့ ဝင်လိုက်ပြီး ဒီနေ့အတွက် လိုက်ဖက်လောက်မယ့်အဝတ်အစားတစ်စုံကိုရွေးချယ်ဝတ်လိုက်သည်။ လည်ပင်း၌ ပုလဲဆွဲကြိုးလေးက နေရာယူလာပြီး ဟန်းချိန်းလေးတွေ လက်စွပ်လေးတွေက ပို၍ပင် Taehyung ကို aesthetic ဆန်စေသည်။ ဆံပင်ကောက်ကောက်ဖြင့်အညိုရောင်သန်းနေသည့် ဆံပင်လေးက တစ်ကိုယ်လုံးနဲ့လိုက်ဖက်စွာရှိနေသလို အေးစိမ့်ခြင်းကြောင့် နှုတ်ခမ်းလေးက ခြောက်ကပ်နေခြင်းကြောင့် lip blam ဖြစ်သည့် စတော်ဘယ်ရီအနံ့လေးကို ယူလိုက်ကာ ဆိုးလိုက်ပြီး အိတ်ထဲသို့ပါ မဖြစ်မနေထည့်လိုက်သည်။
မာဖလာမီးခိုးရောင်လေးနဲ့အတူ ကုတ်အင်္ကျီကိုပါ ထပ်ဝတ်လိုက်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ထမင်းစားခန်း ဝင်ထိုင်လိုက်တော့ ဦးလေးက ထိုင်နေလေပြီ။ ဘေးနားတွင် ဝင်ထိုင်လိုက်ပြီး နှုတ်ဆက်လျက်။
"မင်္ဂလာမနက်ခင်းလေးပါ ဦးလေး..။"
"မင်္ဂလာမနက်ခင်းပါ...Taehyung...စောသားဘဲ ဒီနေ့..."
"ဟုတ်တယ်...ဒီနေ့ အလုပ်များတယ်...ပြီးတော့ ကျွန်တော် ကုမ္ပဏီသွားရအုံးမယ်လေ။"
YOU ARE READING
Espresso
FanfictionEspresso တစ်ခွက်လိုဘဲ သူကခါးသက်လွန်းတယ်... Kim Taehyung တစ်ယောက်တည်းပေါ်ဘဲ မနူးညံ့တတ်တာ... Note - Jungkook Character သည် Black flag အဆင့်ဖြစ်ပြီး အတ္တကြီးသည့် ပုံစံမျိုးဖြစ်တာကြောင့် ကိုယ်က Character sensitive ဖြစ်သူဆို ရှောင်လို့ရပါတယ်... Jeon Jung...