Unicode
နံရံကိုမှီလိုက်ရင်း ဆေးတစ်လုံးကို ထုတ်လိုက်ကာ သူက ငုံလိုက်ရင်း ပြုံးရယ်လိုက်သေးသည်။ ဒါက မူးယစ်ဆေးဘဲ။ နောက်တစ်လုံးကို သူထုတ်လိုက်သေးသည်။
ကျောင်းသားတစ်ယောက်က လွယ်လွယ်နဲ့ ဒါကို သုံးလို့မှမရတာ။
"ဒါက ပြင်းတယ်..ဝယ်ရင်တောင်အများကြီးမရောင်းပေးဘူး...ကိုယ်က ရူးမိုက်ရတာ ကြိုက်တယ်..."
လက်ကောက်ဝတ်ကို ဖြတ်ခနဲဆွဲလိုက်ပြီး နံရံသို့ တွန်းကပ်လိုက်ပြီး လက်နှစ်ဖက်လုံးကို သူ့လက်တစ်ဖက်တည်းနဲ့ ချုပ်ကိုင်လိုက်တာ။
"Jungkook"
ထို့နောက် သူ့ရဲ့နောက်လက်တစ်ဖက်က ကျွန်တော့်နှုတ်ခမ်းကို ငေးစိုက်ကြည့်ရင်း ပွတ်သပ်လာသည်။ မကြိုက်တာကို သိစေချင်တာမို့ ခေါင်းမော့ကာဖြင့် မျက်ဝန်းကို စုံမှိတ်ထားသော်လည်း လွှတ်ထွက်သွားခြင်းမရှိပေ။
"မလုပ်နဲ့..Jungkook ဆေးသုံးထားရင် ကျွန်တော်နဲ့ ဝေးဝေးနေပေးလို့ရမလား..."
"အကြောင်းအရင်းက..."
"ကြောက်လို့...တစ်ခါမှမဖြစ်ဖူးတော့ ကြောက်လို့ Jungkook"
အောက်နှုတ်ခမ်းကို လက်မဖြင့် ပွတ်ဆွဲလိုက်ပြီး တိုးဝင်လာတော့ ပါးစပ်လေးက ဟသွားသည်။ လျှာဖျားပေါ်ရောက်လာသည့် ဆေးလုံးကြောင့် Taehyung မှာမျက်လုံးပြူးမိသွားလျက်။
ခေါင်းယမ်းပြပင်မဲ့ သူက ကျွန်တော့်ကို ကြည့်ပြီး ရယ်နေတာ။
"ဖြည်းဖြည်းချင်းငုံလိုက်...တစ်ဖြည်းဖြည်းနဲ့ မြိုချလိုက်...မကြာခင် ခံစားလို့ကောင်းသွားလိမ့်မယ် Taehyung"
ထွေးထုတ်ခွင့်တောင်မရဘဲ ကျွန်တော့်ပါးစပ်ကို ပိတ်ထားရင်း သူ့နှုတ်ခမ်းက ကျွန်တော့်နားကို ပွတ်ဆွဲနေသည်။ တစ်ဖြည်းဖြည်းနဲ့ အင်အားယုတ်လျော့လာရင်း သူကျွန်တော့်ကို ချုပ်ကိုင်ထားရင်းမှ ဖယ်ပေးလာကာ တွန်းလွှတ်လိုက်သည်။
"Jungkook"
အနားမှာရှိတဲ့အရာတွေက ပျောက်ရှသွားသလိုခံစားရရင်း။
နားထဲတိုးဝင်လာသည့် သီချင်းသံငြိမ့်ငြိမ့်လေး။
Michael Jackson ရဲ့ You Are Not Alone။
YOU ARE READING
Espresso
FanfictionEspresso တစ်ခွက်လိုဘဲ သူကခါးသက်လွန်းတယ်... Kim Taehyung တစ်ယောက်တည်းပေါ်ဘဲ မနူးညံ့တတ်တာ... Note - Jungkook Character သည် Black flag အဆင့်ဖြစ်ပြီး အတ္တကြီးသည့် ပုံစံမျိုးဖြစ်တာကြောင့် ကိုယ်က Character sensitive ဖြစ်သူဆို ရှောင်လို့ရပါတယ်... Jeon Jung...